တိုင်ပေ – ဩဂုတ်(၂၇) 

အမေရိကန်ပြည်ထောင်စုက တာဝန်ရှိသူတွေလာရောက်လည်ပတ်မှုတွေကြောင့် ထိုင်ဝမ်ရဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ဖို့ဆုံးဖြတ်ချက်ကိုအထောက်အပံ့ဖြစ်စေတယ်လို့ သမ္မတဆိုင်အင်ဝမ် ကအမေရိကန်လွှတ်တော်အမတ်နဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပါတယ်။ 

ထိုင်ဝမ်ကို သူတို့ရဲ့ပိုင်နက်အဖြစ်ဆိုထားတဲ့ တရုတ်နိုင်ငံဟာ တိုင်ပေအစိုးရရဲ့ ကန့်ကွက်မှုတွေ ကိုဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ လာရောက်ပြီးနောက် ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာပါ။ 

အမေရိကန်ဆီးနိတ်အထက်လွှတ်တော်ကူးသန်းရောင်းဝယ်ရေးနဲ့ စစ်မှုထမ်းကော်မတီအဖွဲ့ဝင် ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ် မာရှယ်ဘလက်ဘန်ဟာ ထိုင်ဝမ်ကျွန်းကို သွား ရောက်ခဲ့ပြီး တရုတ်အစိုးရတားမြစ်ထားတဲ့ကြားက နန်စီပေလိုစီ ပြီးနောက် တတိယမြောက် သွားရောက်တဲ့ အမေရိကန်အဆင့်မြင့်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ 

“မကြာသေးမီအချိန်များအတွင်း အမေရိကန်မှ အထင်ကရပုဂ္ဂိုလ်များ ထိုင်ဝမ်သို့ လာရောက် လည်ပတ်ခဲ့ကြပြီး နွေးထွေးသောကြင်နာမှုနှင့် ခိုင်မာသောထောက်ခံမှုတွေဟာ ထိုင်ဝမ်ရဲ့ မိမိကိုယ်ကိုခုခံကာကွယ်ဖို့ သန္နိဋ္ဌာန်ကို အားဖြည့်ပေးတယ်”လို့ သမ္မတရဲ့ကိုယ်ပိုင်စာမျက်နှာပေါ် မှာတိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့အမှာစကားမှာပြောဆိုခဲ့ပါတယ်။ 

အမေရိကန်ဟာ ထိုင်ဝမ်နဲ့တရားဝင်သံတမန်ဆက်ဆံရေးမရှိပေမယ့် ခုခံကာကွယ်ဖို့ နည်းလမ်း တွေပေးမယ်ဆိုတဲ့ ဥပဒေပြဌာန်းပေးထားတာဖြစ်ပါတယ်။ 

“လွတ်လပ်မှုကိုမြတ်နိုးတဲ့နိုင်ငံတွေက သူတို့ရဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းဖို့အတွက် ထိုင်ဝမ်ကို ပံ့ပိုးကူညီတာ တကယ်ပဲ အရေးကြီးပါတယ်၊ အမေရိကန်နှင့် ထိုင်ဝမ်တို့ဟာ လွတ်လပ်မှုနှင့် ဒီမို ကရေစီ၏တန်ဖိုးများကို မျှဝေခံစားကြတာပါ” လို့ဘလက်ဘန်းကသမ္မတ ဆိုင်ကို ပြောပါတယ်။ 

ဒီမိုကရက်တစ်နိုင်ငံတွေဟာ ပိုမိုလုံခြုံပြီး ခံနိုင်ရည်ရှိတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ ခိုင်မာစေ ဖို့အတွက် အတူတကွလုပ်ဆောင်ရမှာဖြစ်ပြီး ထိုင်ဝမ်ရဲ့ semiconductors ကုမ္ပဏီတွေ အမေရိ ကန်မှာ ရင်းနှီးမြှုပ်နှံတာတွေ့မြင်ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ သမ္မတ ဆိုင်က ပြောဆို ထားပါတယ်။ 

Semiconductor နဲ့ တခြားနည်းပညာမြင့် ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာ စေဖို့နဲ့ ကပ်ရောဂါအလွန် စီးပွားရေးစိန်ခေါ်မှုတွေကို တုန့်ပြန်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စု နဲ့ လက်တွဲဆောင်ရွက်သွားနိုင်ဖို့ ထိုင်ဝမ်က မျှော်လင့်နေပါတယ်။ 

ထိုင်ဝမ်ဟာ ချစ်ပ်တွေကိုအဓိကထုတ်လုပ်သူဖြစ်ပြီး သမ္မတဘိုင်ဒင်ရဲ့ အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင်သစ်နဲ့ တခြားဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေမှာ ထိုင်ဝမ်ကို ထပ်မံ ပေါင်းစည်းစေလိုတယ်လို့ သမ္မတ ဆိုင်က ပြောထားပါတယ်။ 

သမ္မတဆိုင်ဟာအမေရိကန် ဥပဒေပြုအမတ်တွေကိုသာ လက်ခံတွေ့ဆုံတာမဟုတ်ပဲ ဒီသီတင်း ပတ်အတွင်း ဂျပန်ပါလီမန်အမတ်(၂) ဦးကိုလည်း လက်ခံတွေ့ဆုံထားသလို ဗြိတိန်နဲ့ ကနေဒါ ပါလီမန်အမတ်တွေကို ဒီနှစ်နှောင်းပိုင်းမှာ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။ 

“ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပြီး ကြီးမားတဲ့ အနိုင်ကျင့်မှုကို ကိုင်တွယ်နေတာ ထိုင်ဝမ် တစ်ကိုယ်တည်းမဟုတ်ဘူးဆိုတာ ပြသနေပါတယ်” လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူ 

က သီးခြား အခမ်းအနားတစ်ခုမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ ကျွန်းကို ဘယ်တုန်းကမှ မအုပ်ချုပ်ဖူးတဲ့အတွက် တောင်းဆိုပိုင် ခွင့်မရှိသလို ထိုင်ဝမ်ရဲ့ ပြည်သူ (၂၃) သန်းကသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ထိုင်ဝမ်အစိုးရက ပြောဆိုထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.