မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ဆိုင်ကယ်များ ပေးအပ်”ဆိုတဲ့ သတင်းကို စီစစ်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သြဂုတ်လ(၂၂)ရက်နေ့မှာ စစ်တပ်ထောက်ခံသူ လူမှုစာမျက်တွေဖြစ်တဲ့ Ba nyunt,Fifty Two new တယ်လီဂရမ်၊Kyaw Swar , We love myanmar ,ဖေ့ဘုတ်ပေ့ချ် တို့က ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

သူ့တို့ရဲ့ ရေးသား ဖြန့်ဝေမှုမှာတော့ “လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ပြည်သူ့စစ်(ဌာနေ) အဖွဲဝင်များထံသို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဆိုင်ကယ်အစီး ၁၂၀ ပေးအပ်” လို့ ခေါင်းစဉ်တပ်ထားပြီးဒီလို ပေးအပ်တဲ့အခမ်းအနားကို ဩဂုတ်လ ၁၉ ရက်က အနောက် မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ၊ ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်(ကလေး)၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့တယ်လို့ ရေးသားမှုနဲ့အတူ ဓာတ်ပုံအချို့နဲ့ ဖြန့်ဝေထားတာ တွေ့ရပါတယ်။

သတင်းမှားဖြန့်ဝေနေတဲ့ စစ်တပ်ထောက်ခံသူ အကောင့် တွေနဲ့ တယ်လီဂရမ် ချန်နယ်လင့်တွေကို အောက်ပါမှာ လင့်တွေမှာ ဖော်ပြထားပေးပါတယ်။

https://t.me/banyunt969/36283?singlehttps://t.me/thiha11223344/6637?singlehttps://www.facebook.com/100317329424912/posts/119465064176805/https://t.me/kyawswarks969/11773?single

ဒီအကြောင်း အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဖြစ်စဥ်အမှန်ကတော့စစ်ကောင်စီက ပြည်သူတွေထံမှ လုယက်သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေကို ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များကို ပေးအပ်နေခြင်းသာ ဖြစ်တာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနရဲ့သတင်းတွေရဲ့ ဖော်ပြချက်အရ သံလွင်တိုင်းမ်က စီစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီက သိမ်းယူထားတဲ့ ဆိုင်ကယ်တွေကို ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်- ဒကစ(ကလေး) မှာ သြဂုတ် ၁၉ရက်က အခမ်းအနားလုပ်ပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ထံ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်များ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်တယ်လို့ People’s Spring သတင်းဌာနက ဖော်ထုတ်ရေးသားထားတာ တွေ့ရပါတယ်။

“ဆိုင်ကယ်က အဟောင်းလေးတွေ။ ကျမတို့ ပြည်သူတွေဆီကနေ ခိုးဝှက်လုယက်သွားတဲ့ ဆိုင်ကယ်တွေလို့ကလေးမြို့က ဒေသခံပြည်သူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး People’s Spring သတင်းဌာနက ဖော်ထုတ်ရေးသားထားတာ တွေ့ရပါတယ်။

မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကလည်း ကန့်ဘလူ၊ ကလေး၊ ရွှေဘိုနှင့် ပခုက္ကူနယ်ထဲက ပြည်သူ့စစ်အမည်ခံထားသူများနဲ့ စစ်ကောင်စီသတင်းပေးတွေကို ဆိုင်ကယ် အဟောင်းတွေ ခွဲဝေပေးခဲ့တယ်လို့ Mandalay Free Press – MFPသတင်းဌာနကလည်း ရေးသားဖော်ထုတ်ထားတာ တွေ့ရပါတယ်။

အဲ့ဒီဆိုင်ကယ်တွေမှာ ကလေးမြို့ အခြေစိုက် PDF တပ်ဖွဲ့ဝင်တွေရဲ့ ဆိုင်ကယ်တွေလည်း ပါဝင်ပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းဝင်ရောက်စဉ် ယူဆောင်သွားခဲ့တာလို့ DVBသတင်းဌာနက ကလေးမြို့ အခြေစိုက်PDFတပ်ဖွဲ့ကို မေးမြန်းကာ သတင်းရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

Mandalay Free Press – MFPသတင်းဌာနရဲ့ ဖော်ပြမှုလင့်

https://www.facebook.com/101398252213669/posts/210938464592980/

DVBသတင်းဌာန ဖော်ပြမှုလင့်

https://www.facebook.com/191574990881009/posts/5797204966984622/

People’sSpring သတင်းဌာန ဖော်ပြမှုလင့်

https://www.facebook.com/103536671835794/posts/448348784021246/

ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ “ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲဝင်များ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် စစ်ကောင်စီစစ်ဌာနချုပ်တွေ ဆိုင်ကယ်များ ပေးအပ် ” ဆိုတဲ့ အကြောင်းအရာဟာ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ထားတဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့် သတင်းသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.