ဆော – ဩဂုတ်(၂၂)

မကွေးတိုင်းဆောမြို့မှာ ဒလန်ရှင်းလင်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် မိသားစုလိုက်သတ်ဖြတ်ခဲ့တဲ့YDF(Saw) ကို ဒေသကာကွယ်ရေး အင်အားစု မဟာမိတ်တပ်တွေက ရှုတ်ချတယ်လို့ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၁) ရက်နေ့ ည (၈) နာရီက YDF(Saw) ဟာ စစ်ဆေးမေးမြန်းတာ အတည်ပြုတာမရှိပဲ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့ အတွက် မိသားစုဝင်တွေပါထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်(၁၃) နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့အတူ (၆)ဦး သေဆုံးခဲ့ရတာပါ။

အဲ့ဒီပစ်ခတ်မှုကြောင့် အသက်(၆၁) နှစ်အရွယ်ဦးခင်မောင်လင်း၊ အသက်(၅၈) နှစ်အရွယ် ဦးဇော်ဌေး၊ အသက်(၅၉) နှစ်အရွယ် ဒေါ်ယဉ်ငွေ၊ အသက်(၃၇) နှစ်အရွယ် ဒေါ်ခင်မာသက်၊ အသက်(၁၃) နှစ်အရွယ် မသက်အေးငြိမ်းနဲ့ အသက်(၅၂) နှစ်အရွယ် ဦးအောင်သိန်းဝင်းတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရပ်ကွက်နေပြည်သူ ဦးခင်မောင်ကြည်နဲ့ အသက်(၁၇) နှစ်အရွယ် မောင်မြတ်ဘုန်းခန့် နိုင်တို့လည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

YDF(Saw) ဟာ သေဆုံးသူ ဦးခင်မောင်လင်းပိုင်ဆိုင်တဲ့ ရွှေထည်ပစ္စည်း၊ဖောကားတစ်စီး၊ အိမ်စီးကား(၁)စီး၊ဖုန်း၊ဆပ်ပြာ၊တန်ဖိုးရှိပစ္စည်းတွေနဲ့အတူ အတည်မပြုနိုင်သေးတဲ့ ငွေသား တွေပါယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။

မိသားစုလိုက် အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF) ၊ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ The Youth Force(Saw & Kyauk Htu)၊ ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(K.T.U Region)နဲ့ ကိုရီးယားရောက် ယောသူယောသားများအဖွဲ့တို့က ပြင်းထန်စွာရှုံချခဲ့ပြီး ကျူးလွန်ခဲ့ တဲ့အဖွဲ့စည်းအနေနဲ့ တာဝန်ယူဖြေရှင်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.