ဂန့်ဂေါ – ဩဂုတ်(၁၈)

မကွေးတိုင်းဂန့်ဂေါမြို့ မင်းရွာက ကျောင်းဆရာမနှစ်ဦးကို ဒလန်လုပ်တဲ့အတွက် ရှင်းလင်းလိုက် တယ်လို့ CDF-KKG Battlion-5 Gangaw Region က ဒီနေ့ ဩဂုတ်လ(၁၈) ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

ရှင်းလင်းခံလိုက်ရတဲ့ ကျောင်းဆရာမနှစ်ဦးဟာ မူတလန်းကျောင်းအုပ် ဒေါ်မြင့်မြင့်စန်းနဲ့ ကျူရှင်ဆရာမ ဒေါ်ယမင်းအေးတို့ဖြစ်ပါတယ်။

“စိတ်မကောင်းဘူးဗျ၊ တစ်ဦးက ကျွန်တော်တို့စာသင်ခဲ့ဖူးတဲ့ဆရာမပဲ ဒါပေမယ့် မတတ်နိုင် ဘူးဗျ။ ဒလန်သေချာရင်ဘယ်တတ်နိုင်မလဲ။ ခုကဓမ္မနဲ့အဓမ္မတိုက်ပွဲပဲ”လို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-ဂန့်ဂေါမြို့နယ် တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ကျောင်းဆရာမနှစ်ဦးဟာ စစ်တပ်သတင်းပေးလုပ်နေတဲ့အတွက် ဒလန်အဖြစ်သတ်မှတ်ပြီး ရှင်းလင်းခဲ့တာလို့ သူက ပြောပါသေးတယ်။

“သူတို့ကို message လဲပို့တယ်။ ဖုန်းလဲပြောတယ်။ လူကိုယ်တိုင်လည်း ခဏခဏသတိပေး တယ်။ ဒါပေမယ့် မရဘူးလို့သိထားတယ်။ ဖြစ်စဉ်အသေးစိတ်ကတော့ ကျွန်တော်တို့လည်း မသိ ရဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ဒလန့်အဖြစ်သတ်မှတ်ပြီးရှင်းလင်းခံထားရတဲ့ စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းတွေ ဂန့်ဂေါမြို့မြောက်ပိုင်းမှာ များစွာရှိနေပြီး စာရင်းအတိအကျ မသိရသေး ဘူးလို့သူက ပြောပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပေါ်နေသလို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒလန်လို့ သတ်မှတ်ပြီး ရှင်းလင်းတာနဲ့ စစ်တပ်ရဲ့ တရားမဲ့ သတ်ဖြတ် မှုတွေကြောင့် မြန်မာပြည်သူ ထောင်နဲ့ချီ သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.