ပေကျင်း – ဩဂုတ်(၁၇)

ထိုင်ဝမ်လွတ်မြောက်ရေးအတွက် အထောက်အကူပြုနေတဲ့ အရာရှိ(၇) ဦးကို တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူလိုက်တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုက ဩဂုတ်လ(၁၆) ရက်နေ့မှာ ဖော်ပြထားပါတယ်။ 

ဒီပိတ်ဆို့အရေးယူမှုတွေဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပီလိုစီရဲ့ ခရီးစဉ်နောက် ဆက်တွဲ အဖြစ်ပေါ်ထွက်လာခဲ့တာပါ။ 

ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်နိုင်ငံဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုတဲ့ ကြွေးကြော်ချက်တွေကို ငြင်းဆန်ထားပါတယ်။ 

တရုတ်နိုင်ငံပိုင် မီဒီယာ ဆင်ဟွာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ပိတ်ဆို့ခံရသူတွေထဲမှာ ဝါရှင်တန် အခြေစိုက် ထိုင်ဝမ်သံအမတ်ကြီးရှောင်ဘိုခင်နဲ့ ထိုင်ဝမ်အမျိုးသားလုံခြုံရေး ကောင်စီ အထွေထွေအတွင်းရေးမှူး ဝယ်လင်တန်ကူ တို့ ပါဝင်တယ်လို့ သိရပါတယ်။ 

ထိုင်ဝမ်အာဏာရပါတီနဲ့ Democratic Progressive ပါတီက နိုင်င့ရေးသမားတွေကိုလည်း ပိတ်ဆို့ အရေးယူမှုမှာ ထည့်သွင်းထားပါတယ်။ 

ဒီပိတ်ဆို့မှုတွေဟာ တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုကို လည်ပတ်ခွင့် တားမြစ်တာဖြစ်ပြီး သူတို့နဲ့ ဆက်စပ်နေတဲ့ တရုတ်ပြည်က စီပွားရေး၊ရင်းနှီးမြှုပ်နှံမှုတွေက အကျိုးခံစားခွင့်တွေကို ဖြတ်တောက်ခဲ့တယ်လို့ ထိုင်ဝမ်ရေးရော ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်အရ သိရပါတယ်။ 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်အကြီးအကဲ ဆုတီဆန်ချန်၊ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆပ်စူနဲ့ ပါလီမန် ပြောရေးဆိုခွင့်ရှိသူ ယူဆီကွန်တို့ကို မကြာသေးခင်က ပိတ်ဆို့အရေးယူတာတွေရှိခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.