ကျိုက်ထို – ဩဂုတ်(၁၇)

မွန်ပြည်နယ်ကျိုက်ထိုမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေမကြာခဏ သတ်ဖြတ်ခံနေရတာ ကြောင့် သံဃာတော်တွေကို ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်အသုံးပြုပြီး နိုင်ငံဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူး တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ နဲ့ ဌာနဆိုင်ရာအဆောက်အဦးတွေကို လက်လုပ်မိုင်းတွေနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်နေလို့ ဆိုင်ကယ်စီးနင်းမှု ထိန်းချုပ်ရေးအတွက် ဒေသန္တရအမိန့်ထုတ်ပြန်ဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

သံဃာတော်တွေအနေနဲ့ မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းသွားလာခွင့်ကို ဒေသန္တရ အမိန့်ပါ ကန့်သတ်ချက်တွေကို သိရှိဆင်ခြင်ဖို့ ညွှန်ကြားတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ရပ်ကွက်/ကျေးရွာသံဃနာယကအဖွဲ့အနေနဲ့ ဒေသန္တရအမိန့်ပါ ကန့်သတ်ချက်တွေကို ရပ်ကွက်/ကျေးရွာအတွင်းက ရဟန်း/သာမဏေတွေကို ထပ်ဆင့်အကြောင်းကြားပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မွန်ပြည်နယ်ကျိုက်ထိုမြို့မှာ အမျိုးသား(၂) ဦးဆိုင်ကယ်မစီးရအမိန့်ထုတ်ပြန်ထားပြီး အခုချိန်မှာတော့ သံဃာတော်တွေပါဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်လိုက်တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.