မော်လမြိုင် – ဩဂုတ်(၁၄)
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ရဲဘော်တွေကို တွေ့ဆုံပြိး အားပေးစကားပြောခဲ့ပါတယ်။
ဒီနေ့ ဩဂုတ်လ(၁၄) ရက်နေ့ မနက်ပိုင်းက တွေ့ဆုံခဲ့တာဖြစ်ပြီး ရဲဘော်တွေကို လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ ကြိုးစားဆောင်ရွက်နေတဲ့ အခြေအနေတိုးတက်မှုတွေနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးအတွက် ရှေ့ဆက်လုပ်မယ့် အစီအစဉ် တွေကို ရှင်းလင်းပြောဆိုခဲ့တာပါ။
တွေ့ဆုံပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေး အဖွဲ့က တာဝန်ရှိ သူတွေ စစ်ကြောင်းမှုတွေ၊ဒုတိယစစ်ကြောင်းမှူးတွေ၊စစ်ကြောင်းတာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံအနှံ့ အပြားမှာ ရောက်ရှိနေပြီး စစ်ကိုင်း၊မကွေး၊ကရင်နီနဲ့ ကရင်ပြည်နယ်တွေမှာ လွတ်မြောက်နယ် မြေတွေဖော်ဆောင်ဖို့ ကြိုးပမ်းနေကြပြီး အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ နေ့စဉ်လိုလို ထိတွေ့ တိုက်ပွဲတွေဖြစ်ပေါ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်