North Korea's leader Kim Jong Un greets health workers and scientists struggling with the coronavirus disease (COVID-19) pandemic during a photo session in Pyongyang, North Korea, in this undated photo released on August 10, 2022 by North Korea's Korean Central News Agency (KCNA). KCNA via REUTERS

ပြုံးယမ်း ၊ သြဂုတ် (၁၄)

မြောက်ကိုးရီးယား ခေါင်းဆောင်ကင်ဂျုံအန်းမှ ကိုဗစ်အောင်ပွဲလို့ ကြေငြာပြီး ရက်အနည်းငယ်အကြာ ဩဂုတ်လ ၁၃ ရက်‌နေ့မှာ  နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် အခြားသော ကိုဗစ်ဗိုင်းရပ်စ် ကန့်သတ်ချက်တွေကို ရုတ်သိမ်းလိုက်ပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအတွင်း ကိုဗစ်ဖြစ်ပွားမှုကို ဆိုးလ်ကြောင့်လို့ အပြစ်တင်ခဲ့ပြီး လိုအပ်ပါက တောင်ကိုရီးယားအာဏာပိုင်တွေကို ရှင်းလင်းပစ်မယ်လို့ ခြိမ်းခြောက်ကြေငြာချက်တစ်ရပ်အား ယခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကြေငြာချက် ထပ်မံ ထွက်ပေါ်လာခဲ့ခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံအတွင်း ဖန်တီးထားတဲ့ ပြည်သူ့ကျန်းမာရေးက အကျပ်အတည်းကို လုံးလုံးလျားလျား ချေမှုန်းပြီး နယ်မြေတစ်ခုလုံးဟာ အတိုဆုံးကာလမှာ ဆိုးဆိုးရွားရွား ဗိုင်းရပ်စ်ကင်းစင်တဲ့ သန့်ရှင်းတဲ့နယ်မြေအဖြစ် ပြောင်းလဲသွားတာကြောင့် ဗိုင်းရပ်စ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်ပါတယ်” လို့ ပြုံယမ်းရဲ့ တရားဝင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့ပါတယ်။

“နှာခေါင်းစည်းတပ်ဆင်ရန် ကန့်သတ်ချက်ကို ရှေ့တန်းဒေသတွေနဲ့ နယ်စပ်မျဉ်းမြို့တွေနဲ့ ခရိုင်တွေကလွဲလို့ နယ်မြေအားလုံးမှာ ရုတ်သိမ်းလိုက်တဲ့အတွက် တစ်နိုင်ငံလုံးကို ကပ်ရောဂါကင်းစင်တဲ့ဇုန်အဖြစ် ပြောင်းလဲသွားခဲ့တယ်” လို့ KCNA က ဆိုပါတယ်။

မြောက်ကိုရီးယားက မေလမှာ ၎င်းရဲ့ ပထမဆုံးရောဂါဖြစ်ပွားမှုကို ကြေငြာပြီးနောက် လအနည်းငယ်အကြာ  ယခုသီတင်းပတ်အစောပိုင်းမှာ  COVID-19 နှင့် ပတ်သက်ပြီး “တောက်ပသောအောင်ပွဲ” ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိသူတွေကို နှာခေါင်းစည်း ဝတ်ဆင်ဖို့ အကြံပြုထားပြီး ပုံမှန်မဟုတ်သောအရာများကို ရှောင်ရှားပြီး မြောက်ကိုရီးယားအား “သတိရှိ” ဖို့ တိုက်တွန်းထားပါသေးတယ်။

ရောဂါဖြစ်ပွားစဉ်အတွင်း ထိပ်တန်းခေါင်းဆောင်ကိုယ်တိုင် နာမကျန်းဖြစ်ပြီး “ဖျားနာ” ခဲ့ကြောင်းလည်း ကင်ယိုဂျုံက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ ဧပြီလနှောင်းပိုင်းမှစပြီး သေဆုံးသူ ၇၄ ဦးသာရှိကာ အဖျားရောဂါဖြစ်ပွားမှု ၄.၈ သန်းနီးပါး ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ကျွမ်းကျင်သူတွေကတော့ ပြုံယမ်းရဲ့  COVID-19 စာရင်းအင်းတွေကို ကာလအတန်ကြာ မေးခွန်းထုတ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားဟာ  ညံ့ဖျင်းသော ဆေးရုံများနှင့် အထူးကြပ်မတ် ကုသရေးဌာန အနည်းငယ်ရှိသည့် ကမ္ဘာ့အဆိုးရွားဆုံး ကျန်းမာရေး စောင့်ရှောက်မှု စနစ်များထဲမှ တစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံမှ ကာကွယ်ဆေးအချို့ ရရှိထားပေမယ့်လည်း ၎င်းရဲ့ လူဦးရေ ၂၆ သန်းမှာ ကာကွယ်ဆေးထိုး ထားခြင်းမရှိဘူးလို့ ဆိုးလ်အခြေစိုက် NK News သတင်းဌာန က ဖော်ပြခဲ့ပါတယ်။

Ref: CNA 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.