မော်စကို – ဩဂုတ်(၁၄) 

ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က သိမ်းယူမယ်ဆိုရင် ဝါရှင်တန်နဲ့ မော်စကိုတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို လုံးလုံးလျားလျား ပျက်ပြားသွားစေလိမ့်မှာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက မြောက်အမေရိကဌာနအကြီးအကဲရဲ့ ပြောဆိုမှုကို ကိုးကားပြီး TASS သတင်းဌာန ကဖော်ပြထားပါတယ်။ 

ရုရှားရဲ့ အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ယူကရိန်းကို စေလွှတ်ပြီး နောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးဟာ သိသိသာသာ ဆိုးရွားလာခဲ့ပြီး စီးပွားရေး၊ဘဏ္ဍာရေးနဲ့ သံတမန်ရေးရာတို့ကို မကြုံစဖူး ပိတ်ဆို့မှုတွေအပါအဝင် ဒေါ်လာ (၆၄၀) ဘီလျံ နီးပါးရှိတဲ့ ရုရှားရွှေနဲ့ နိုင်ငံခြားအရန်ငွေရဲ့ ထက်ဝက်ကို ပိတ်ဆို့ခံထားရတာပါ။ 

အနာဂတ်မှာ ယူကရိန်းနိုင်ငံကို ပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေကူညီဖို့ ပိတ်ဆို့ထား တဲ့ ရုရှားအရန်ငွေတွေကို သိမ်းဆည်းဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇ်ဘော်ရယ် အပါအဝင်အနောက်နိုင်ငံထိပ်တန်းအရာရှိတွေက အကြံပြုထားပါတယ်။ 

“နှစ်နိုင်ငံဆက်ဆံရေးကို အဆုံးတိုင်ပျက်စီးစေမယ့် ဒီလိုလုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ အကျိုး ဆက်တွေကို အမေရိကန်တွေကို သတိပေးထားပါတယ်” လို့ အလက်ဇန်းဒါး ဒါချီယက်ဗ်က TASSနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ 

အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေက ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ အဆက်အသွယ်ရှိတဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ချမ်းသာကြွယ်ဝသူတွေ ပိုင်ဆိုင်တဲ့ ရွက်လှေ၊ရဟတ်ယာဉ်၊ အိမ်ခြံမြေ နဲ့ အနုပညာတွေအပါအဝင် ဒေါ်လာ (၃၀) ဘီလျံကို သိမ်းဆည်းထားတယ်လို့ ဘိုင်ဒင်အစိုးရ အဖွဲ့က ပြောပါတယ်။ 

ယူကရိန်းကို ရုရှားရဲ့ လုပ်ရပ်အတွက် ပိုမိုဖိအားပေးနိုင်ဖို့ အမေရိကန်တရားရေးဌာနက ရုရှား အာဏာပိုင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ ကွန်ဂရက်မှာ ပိုမိုကျယ်ပြန့်တဲ့ အခွင့်အာဏာကို ရှာဖွေနေတယ်လို့ အစိုးရရှေ့နေတစ်ဦးက ဆိုပါတယ်။ 

အမေရိကန်ရဲ့ ယူကရိန်းအပေါ် ဩဇာလွှမ်းမိုးမှုဟာ ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ အခြေအနေထိ တိုးလာတယ်လို့ ဒါချီယက်ဗ်က စွပ်စွဲထားပါတယ်။ 

အမေရိကန် အစိုးရရေ့နေတွေက အကျဉ်းကျခံနေရတဲ့ရုရှားနိုင်ငံသားကမ္ဘာ့အကြီးဆုံးလက်နက်

ရောင်းဝယ်ဖောက်ကားသူ ဗစ်တော်ဘော့တ်၊အမေရိကန် ဘတ်စကတ်ဘော စူပါစတားဘရစ်တနီ ဂရင်နာနဲ့ ရုရှားဖမ်းဆီးထားတဲ့ မရိန်းတပ်သား ပေါလ်ဝီလင်တို့ကို အမေရိကန်နဲ့ရုရှား တို့ဟာ အကျဉ်းသားလဲလှည်ဖို့ဆွေးနွေးမှုတွေရှိနေတယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.