ရေဖြူ ၊ သြဂုတ် (၁၃)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာအနီးကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၁၂ ရက်နေ့ မနက် ၈ နာရီလောက်ကစပြီး စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဟာ ကျေးဇူးတော်ကျေးရွာအနီးကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်တဲ့အတွက် ဒေသခံတချို့ ပြောင်းရွှေ့နေထိုင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးကတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ KNU စစ်ဆေးရေးဂိတ်ထိ ရောက်ရှိလာတယ်လို့ ပြောပါတယ်။

ကျေးဇူးတော်ကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၄) ထိန်းချုပ်နယ်မြေက ကျေးရွာ တစ်ခု ဖြစ်ပါတယ်။

ရေဖြူမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က PDF တပ်ဖွဲ့တွေ ရှိနိုင်တဲ့နေရာတွေကို နယ်မြေရှင်းလင်းရေးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.