Fishermen work at their grouper fish farms in Pingtung, Taiwan, August 10, 2022. REUTERS/Ann Wang

တိုင်ပေ – ဩဂုတ်(၁၂) 

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်ဝမ်ကို မသွားရောက်ခင်ထဲက ငါးမွေးမြူရေးသမားတွေဟာ သူတို့ရဲ့ အဓိက ဝင်ငွေရင်းမြစ်ဖြစ်တဲ့ တရုတ်ကို ကုန်သွယ်မှုဖြတ်တောက်ခံလိုက်ရတဲ့အတွက် စျေးကွက်သစ်ရှာဖွေနေရတယ်လို့ သိရပါတယ်။ 

တရုတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်တို့ကြား တင်းမာနေချိန် တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လ ကတားမြစ်ဓာတုပစ္စည်းတွေကို ပိတ်ပင်ခဲ့ပြီး ချန်ရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ ဂရုပါငါးဝယ်ယူမှု ကိုလည်းရပ်ဆိုင်းထားတာပါ။ 

ပေလိုစီရဲ့ ဩဂုတ်လ(၂) ရက်နေ့က သွားရောက်လည်ပတ်ပြီးနောက် ပထဝီဝင်နိုင်ငံရေးမုန်တိုင်း ဟာ ကျွန်းတောင်ပိုင်း ပင်တွန်းခရိုင်က ချန်နဲ့ တခြားလယ်သမားတွေ၊ငါးဖမ်းသမားတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုကို မိုပို အန္တရာယ်ဖြစ်စေခဲ့တာပါ။ 

“ကျွန်ုပ်တို့၏အလုပ်မှာ ငါးမွေးမြူရေးလုပ်ရန်ဖြစ်တယ်၊ ငါးတွေ ပိုကြီးလာရင် ရောင်းဖို့ပဲ မျှော်လင့်တယ်၊ နိုင်ငံရေးပြဿနာတွေကြောင့် ကျွန်တော်တို့အစိုးရဟာ ဆက်သွယ်ရေးလမ်း ကြောင်းမရှိတာကြောင့် တရုတ်အစိုးရက ကျွန်တော်တို့ရဲ့စီးပွားရေးကို ပိတ်ဆို့နေပါတယ်” လို့ ချန်က ရိုက်တာသတင်းဌာနသို့ပြောပါတယ်။  

ပေလိုစီရောက်လာပြီးနောက်တစ်ရက်မှာ တရုတ်ဟာ တားမြစ်ချက်ကို သက်တမ်းတိုးခဲ့ပြီး ထုတ်ကုန်တချို့ရဲ့ ထုတ်ပိုးမှုမှာ ကိုဗစ်ပိုး သဲလွန်စတွေ တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အေးခဲထားတဲ့ ငါးထုတ်ကုန်တွေတင်ပို့မှုကို ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ 

ဒီပိတ်ပင်မှုဟာ ပေလိုစီထိုင်ဝမ်ကို လာရောက်ခွင့်ပြုခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့ လုပ်ဆောင် ချက်အဖြစ် တရုတ်က ပြောဆိုထားသလို ကျွန်းတစ်ဝိုက်မှာလဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။ 

ပေလိုစီရဲ့ ခရီးစဉ်ကို တရုတ်က သူတို့ရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ရန်စမှုလို့ ရှုမြင်ထားပြီး ထိုင်ဝမ်ကတော့ သူတို့ကို တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ငြင်းဆိုထားပြီး (၂၃.၅) သန်းသော ပြည်သူတွေကသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။ 

“ထိုင်ဝမ်ကို ဘာအကူအညီမှ မပေးခဲ့ဘူးလို့ ကျွန်တော် မထင်ပါဘူး၊ ဒါက ထိုင်ဝမ်ပြည်သူတွေ အတွက် စီးပွားရေး ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပါတယ်။ ဘာကြောင့် လာတာလဲ မသိဘူး” လို့ ပလိုစီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ချန်က ဆိုထားပါတယ်။ 

တရုတ်ဟာ ကွန်ကရစ်ပြုလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ သဲတင်သွင်းမှုကိလည်း တားမြစ်ခဲ့သလို ထိုင်ဝမ်ဘီစကွတ်နဲ့ ခေါက်ဆွဲတင်ပို့ရောင်းချသူ(၃၅) ဦးဆီကနေ တင်ပို့မှုတွေကို ရပ်ဆိုင်းခဲ့ ပါသေးတယ်။ 

ဒီနှစ် ပထမနှစ်ဝက်မှာ ထိုင်ဝမ်ရဲ့ တရုတ်နိုင်ငံကို သွင်းကုန်တန်ဖိုးဟာ ကန်ဒေါ်လာ (၁၂၂.၅) ဘီလျံ အထိရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကထက်(၇.၃) ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ တရုတ်အကောက်အခွန်ဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။ 

“ဒီမှာ တံငါသည်တွေက ငါးရောင်းဖို့ ဘယ်မှာရောင်းရမှန်းမသိလို့ စိုးရိမ်နေကြတယ်၊ လူတွေက အသက်ရှင်ဖို့ လိုတယ်။ နိုင်ငံရေးအကြောင်း သိပ်နားမလည်ပေမယ့် တရုတ်နဲ့ ထိုင်ဝမ်ကြား ကြင်နာပြီး ငြိမ်းချမ်းတဲ့ ဆက်ဆံရေးနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ပဲ လိုအပ်တယ်လို့” ငါးလုပ်ငန်းရှင်တစ်ဦးက ရိုက်တာ ကိုပြောခဲ့ပါတယ်။ 

ထိုင်ဝမ်ရဲ့ ငါးနဲ့ တခြားရေနေ ကျောရိုးမဲ့ သတ္တဝါတွေ တရုတ်နိုင်ငံကို ရောင်းချမှုမှာ ယွမ် (၃၉၉) သန်းရှိခဲ့တယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.