ဆိုးလ် – ဩဂုတ်(၁၂) 

ထိုင်းနိုင်ငံသားတွေဟာ တောင်ကိုရီးယားကို အလည်ဗီဇာနဲ့ ထွက်ပြီး တရားမဝင်အလုပ်ရှာဖွေ တာပိုမိုများပြားလာနေတယ်လို့ ထိုင်းပြည်ပ ခရီးသွားလုပ်ငန်းတွေရဲ့ တင်ပြချက်တွေအရ သိရ တယ်လို့ ဘန်ကောက်ပိုစ့် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အလုပ်ရှာဖွေသူတွေဟာ အုပ်စုလိုက်ခရီးသွားတွေနဲ့ ရောနှောပြီး ထိုင်းနိုင်ငံကနေ ထွက်ခွာကာ တောင်ကိုရီးယားကိုရောက်ရှိချိန်မှာတော့ ဒေသခံတွေလိုအယောင်ဆောင်ပြီး ထွက်ပြေးလွတ် မြောက်နေကြတာဖြစ်တယ်လို့ ဖော်ပြထားတာပါ။ 

လက်ရှိမှာ တရားမဝင်အလုပ်ရှာသူအရေအတွက်ဟာ အမှန်တကယ်ခရီးသွားအရေအတွက်ထက် ပိုမိုများပြားနေပြီး ဝန်ဆောင်မှုလုပ်ငန်းတွေက နိုင်ငံကူးလက်မှတ်အသစ်ကိုင်ဆောင်ထားတဲ့ 

ခရီးသွားတွေကို အလုပ်သွားရှာတဲ့ လူတွေဖြစ်တယ်လို့ ခန့်မှန်နေကြပါတယ်။ 

ထိုင်းခရီးသွားလုပ်ငန်းရှင်များအဖွဲ့(TTAA) က ပတ်စပို့ကိုင်ဆောင်ထားတဲ့ ခရီးသွားတွေကို သံသယဖြစ်ဖွယ်အချက်တွေရှိနေရင် ဗီဇာငြင်းပယ်ဖို့အတွက် တောင်ကိုရီးယားအာဏာပိုင် တွေနဲ့ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားကြပါတယ်။ 

တောင်ကိုရီးယားမှာ ထိုင်းနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာ အတွက် RT-PCR စစ်ဆေးမှု လိုအပ်ချက်ကို ပယ်ဖျက်ပေးထားတဲ့အတွက် တရားမဝင်အလုပ်သမားတွေ နိုင်ငံတွင်း ဝင်ရောက်လာစေဖို့ စရိတ်နည်းနည်းနဲ့ လွယ်ကူနေတာပါ။ 

ကိုဗစ်ကာလ တည်းကအလုပ်အကိုင်ရှားပါးလာတဲ့ ထိုင်းနိုင်ငံသားတွေအတွက် တောင်ကိုရီးယား မှာ အနည်းဆုံးလုပ်ခလစာ တစ်လကို ဘတ်ငွေ(၄) သောင်းလောက်ရရှိနေတာက အလုပ်သွားရှာ ဖို့ဆွဲဆောင်နေတာဖြစ်တယ်လို့ TTAA ဥက္ကဌ ချာရွန်ဝမ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် တောင်ကိုရီးယားကို ခရီးသွားဗီဇာစိစစ်လက်ခံဖို့ ညှိနှိုင်းထားပေမယ့် ပုံမှန်ခရီးသွား တွေအတွက်ကိုတော့ ပိုမိုရိုးရှင်းတဲ့ ခရီးသွားစည်းမျဉ်းတွေကိုပဲ ချမှတ်ဖို့ တောင်ကိုရီးယားကို တောင်းဆိုသွားမှာဖြစ်တယ်လို့ TTAA ဥက္ကဌ ကပြောပါသေးတယ်။ 

ထိုင်းခရီးသွားတွေအဆင်ပြေစေဖို့အတွက် ခရီးသွားကြိုတင်စာရင်းသွားတာနဲ့ ကိုဗစ်စစ်ဆေး တာအပါအဝင် ခရီးသွားလိုအပ်ချက်တွေကို တောင်ကိုရီးယားမှာ ဖယ်ရှားပေးထားတာပါ။

တောင်ကိုရီးယားအာဏာပိုင်တွေက ဒီအပတ်ထဲမှာ ထိုင်းခရီးသွား(၆၉၇) ဦးမှာ (၄၂၇) ဦးကိုသာ ပြည်ဝင်ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.