ဆိုးလ် -ဩဂုတ်(၁၀) 

မြောက်ကိုရီးယားနဲ့ နျူကလီးယားကင်းစင်ရေးညှိနှိုင်းမှုတွေ ပြန်လည်ဖွင့်လှစ်ဖို့နဲ့ တရုတ်နိုင်ငံ ကိုယဉ်ကျေးမှုဆိုင်ရာ ကူးသန်းချိတ်ဆက်မှုတွေ ပြန်စဖို့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးတွေဟာ ဩဂုတ်လ(၉) ရက်နေ့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ 

တောင်ကိုရီးယားထိပ်တန်းသံတမန်ပါခ့်ဂျင်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ တွေ့ဆုံဖို့ အတွက် တရုတ်နိုင်ငံအရှေ့ဘက် ဆိပ်ကမ်းမြို့ကို ဩဂုတ်လ(၈) ရက်နေ့က ရောက်ရှိခဲ့ပြီး ဒီခရီး စဉ်ဟာ သမ္မတ ယွန်းဆုခ်ယိုလက်ထက် တရုတ်နိုင်ငံကို ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။ 

ဒီနှစ်မှာ ကျရောက်တဲ့ နှစ်(၃၀) ပြည့် နှစ်ပတ်လည်နေ့မှာ ဆက်ဆံရေးကို ခိုင်မာစေဖို့ ပူးတွဲလုပ် ဆောင်မယ့် အစီအစဉ်တွေကို အဆိုပြုမှာဖြစ်ကြောင်းနဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေး ကိုအားဖြည့်တင်းပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားကင်းစင်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေတည်ငြိမ်ရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

သမ္မတ ယွန်အစိုးရဟာ မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေကို တားဆီးဖို့ကြိုးပမ်းနေ ပြီး ၂၀၁၉ ခုနှစ်တည်းက ရပ်တန့်နေခဲ့တဲ့ နျူကလီးယားကင်းစင်ရေးဆွေးနွေးပွဲတွေကို ပြန်လည် စတင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ 

တောင်ကိုရီးယားနိုင်င့မှာ စခန်းချထားတဲ့ THAAD အမေရိကန် ဒုံကျည်ကာကွယ်ရေးစနစ်နဲ့ ပတ် သက်ပြီး တရုတ်နဲ့ တင်းမာမှုတွေကြားမှာ ထိရောက်စွာ တားမြစ်ခံထားရတဲ့ တောင်ကိုရီးဉား တေးဂီတ ပို့ကုန်တွေကိုလည်း ပြန်လည်စတင်ပြီး ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်မှုတွေကို လည်းမြှင့်တင်ဖို့ အစီအစဉ်ရှိတယ်လို့ ပါခ့်က ပြောခဲ့ပါတယ်။ 

“နှစ်နိုင်ငံစလုံးရဲ့ အနာဂတ်ကို သယ်ပိုးပေးမယ့် လူငယ်မျိုးဆက်သစ်တွေကြား ဆက်သွယ်ရေးနဲ့ ချိတ်ဆက်ဖလှယ်မှုတွေ မြှင့်တင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးချင်ပါတယ်” လို့ ပါ့ခ်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

တရုတ်-အမေရိကန်ကြားပြိုင်ဆိုင်မှု ပြင်းထန်လာချိန်မှာ ဝါရှင်တန်နဲ့ ပိုမိုခိုင်တဲ့ ဆက်ဆံရေးနဲ့ ထိုင်ဝမ်အပေါ် တင်းမာမှုတွေရှိနေပေမယ့် ပါခ့်ဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး အာမခံ ချက်ပေးဖို့ တရုတ်ဆီက မျှော်လင့်ထားတာဖြစ်ပါတယ်။ 

တရုတ်နိုင်ငံကို လေးစားတဲ့အနေနဲ့ တောင်ကိုရီးယားရဲ့ ရပ်တည်ချက်က မပြောင်းလဲသေးပေ မယ့် ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့က ဒေသတွင်း လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ တရုတ်နိုင်ငံကို မထွက်ခွာခင် ပါခ့် ကပြောခဲ့ပါတယ်။ 

“ကိုရီးယား K-pop လှိုင်းရဲ့ ကမ္ဘာလုံးဆိုင်ရာရေပန်းစားမှုကို ထည့်သွင်းစဉ်းစားပြီး တရုတ်ကို ရုပ်ရှင်တွေ၊ ဒရာမာတွေနဲ့ ဂိမ်းတွေအပါအဝင် K-pop နဲ့ ယဉ်ကျေးမှုဆိုင်ရာအကြောင်း ကိစ္စရပ် များကို ကျယ်ပြန့်စွာ မိတ်ဆက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” လို့ သူကပြောပါသေးတယ်။ 

THAAD နဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ မီးတောက်တွေနဲ့  ထိုင်ဝမ်နဲ့ ဂျပန်တို့ပါဝင်တဲ့ အမေရိ ကန် ဦးဆောင်တဲ့ ချစ်ပ်မဟာမိတ်အဖွဲ့မှာ တောင်ကိုရီးယားပါဝင်မှုဖြစ်နိုင်ခြေကို တရုတ်က ဆန့်ကျင်နေတာဖြစ်ပါတယ်။ 

၂၀၁၆ ခုနှစ်မှာ THAAD ရဲ့ အားကောင်းတဲ့ ရေဒါကို တောင်ကိုရီးယားကတဆင့် ဖြန့်ကျက် လိုက်တယ်လို့ ကြေညာပြီးနောက်ပိုင်း တရုတ်ဟာ သူတို့ရဲ့ လေပိုင်နက်အတွင်းကို စူးစမ်းလေ့လာ နိုင်တဲ့အတွက် တောင်ကိုရီးယားနဲ့ ကုန်သွယ်မှု၊ယဉ်ကျေးမှုဆိုင်ရာ တင်သွင်းမှု တွေကို သိသိသာသာ ဖြတ်တောက်လိုက်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.