ပြုံယမ်း- ဩဂုတ်(၆) 

မြောက်ကိုရီးယားမှာ အဖျားရောဂါဝေဒနာရှင်တွေအားလုံး ပြန်လည်ကောင်းမွန်လာတဲ့အတွက် သူတို့ရဲ့ ကိုဗစ်ပထမလှိုင်းအဆုံးသတ်ပြီဖြစ်တယ်လို့ ဩဂုတ်လ(၅) ရက်နေ့မှာ ပြောဆိုခဲ့ ပေမယ့် ကာကွယ်ဆေးမထိုးရသေးတဲ့ လူတွေကြောင့် ကူးစက်မှုတွေပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့ အခြေအ နေရှိနေတယ်လို့ လေ့လာသူတွေက ပြောဆိုခဲ့ပါတယ်။ 

ကပ်ရောဂါတိုက်ဖျက်ရေးအခြေအနေဟာ တည်ငြိမ်မှုအဆင့်ကို ရောက်ရှိနေပြီလို့ နိုင်ငံပိုင် မီဒီယာက ဆိုထားပေမယ့် အောင်ပွဲရတယ်လို့ ကြွားလုံးထုတ်မယ့်အစား မြောက်ကိုရီးယား က နိုင်ငံတော်ကူးစက်ရောဂါတိုက်ဖျက်ရေးမူဝါဒတွေကို အကောင်အထည်ဖော်ချိန်မှာ ပြီးပြည့်စုံမှု ကိုထိန်းသိမ်းဖို့ နှစ်ဆတိုးပြီးကြိုးပမ်းရမှာလို့ မြောက်ကိုးရီးယားက ဆိုထားတာပါ။ 

မြောက်ကိုရီးယားဟာ ရောဂါစစ်ဆေးမှုဆိုင်ရာ အထောက်အပံ့တွေချို့တဲ့ ပုံရပြီး ကိုဗစ်ကူးစက် ခံရသူဘယ်လောက်ရှိတယ်ဆိုတာ အတည်မပြုနိုင်ပဲ ဧပြီလနှောင်းပိုင်းတည်းက အဖျားရောဂါ ခံစားရသူလူနာ (၄.၇၇) သန်းဟာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး(၇၄) ဦး သေဆုံးခဲ့ကာ ပြီးခဲ့တဲ့ ဇူလိုင်လ(၃၀) ရက်နေ့ကစပြီး အဖျားလူနာသစ်မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ 

တောင်ကိုရီးယားအရာရှိတွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက အဲ့ဒီ ကိန်းဂဏန်း တွေနဲ့ သေဆုံးမှုအရေအတွက်အပေါ်မှာ သံသယရှိတယ်လို့ ဆိုထားပါတယ်။  

ဆိုးလ် ဟန်ယမ်းတက္ကသိုလ် ဆေးကျောင်း ပါမောက္ခ ရှင်ယောင်ဂျွမ်းက ကိုဗစ်ပထမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ကျော်လွန်သွားပေမယ့် အစီရင်ခံထားတဲ့ သေဆုံးမှုအရေအတွက် မဖြစ်နိုင် သလောက်ရှိနေပြီး သေဆုံးသူ(၅၀၀၀၀) အထိရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။

“တကယ်လို့ သူတို့ရဲ့ အောင်မြင်မှုက နိုင်ငံရေး ဒါမှမဟုတ် လူမှုရေး ကမောက်ကမ ဖြစ်မလာဘူးဆိုတဲ့ အချက်က အလိမ်ညာဖြစ်နေတယ်၊ သူတို့ရဲ့ ကိုဗစ်-၁၉ တုံ့ပြန်မှု အောင်မြင်သလားဆိုတာကတော့ အခြားပြဿနာတစ်ခုပါပဲ” လို့ သူကပြောခဲ့တာပါ။  

ကိုရီးယားနှစ်နိုင်ငံကြား အရေးကိစ္စတွေအတွက် တာဝန်ရှိတဲ့ တောင်ကိုရီးယားရဲ့ ပြန်လည် ပေါင်းစည်းရေးဝန်ကြီးက မြောက်ကိုရီးယားရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ယုံကြည် စိတ်ချမှု ပြဿနာတွေရှိနေတယ်လို့ ပြောဆိုထားသလို ကိုဗစ် အခြေအနေကိုလည်း အနည်းငယ် ထိန်းချုပ်ထားနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ 

ရောဂါဖြစ်ပွားမှုလျော့ပါးသွားတာကို ဖော်ပြတဲ့အနေနဲ့ အာဏာရအလုပ်သမားပါတီက ရာနဲ့ချီတဲ့ ကိုရီးယားစစ်ပွဲက စစ်မှုထမ်းဟောင်းတွေကိုဖိတ်ကြားပြီး ဇူလိုင်လနှောင်းပိုင်းမှာ Mask မပါတဲ့ အခမ်းအနားကို ပြုလုပ်ထားပါတယ်။ 

စီးပွားရေး၊စားနပ်ရိက္ခာဖူလုံရေးနဲ့ ပြည်သူ့ကျန်းမာရေးမှာ စိန်ခေါ်မှုတွေရှိနေပြီး အာရှ အိမ်နီးချင်း တွေမှာ ကူးစက်မှုတွေ ပြန်ဖြစ်လာရင် အိုမီခရွန်မျိုးခွဲတွေပျံ့နှံ့နေမှုကြောင့် ပိုမိုဆိုးရွားလာ နိုင်တယ်လို့ လေ့လာသူတွေက ပြောဆိုထားပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းက တင်းကြပ်ထားတဲ့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းတာမရှိသေးပဲ တရုတ်နယ်စပ်ကို ပိတ်ထားသေးသလို မြို့တော်ပြုံယမ်းမှာ သံတမန်ဝန်ထမ်းတွေလစ်လပ်နေပြီး အရာရှိတွေလည်း နိုင်ငံခြားကို ထွက်ခွါတာမရှိဘူးလို့ သိရပါတယ်။ 

“ဆေးဘက်ဆိုင်ရာအခြေခံအဆောက်အအုံများ အားနည်းနေသော်လည်း လူမှုအသိုက် အဝန်းအစုအဖွဲ့တစ်ခုစီတွင် သတ်မှတ်ထားသောဆရာဝန်တစ်ဦးရှိပြီး ဆိုရှယ်လစ်စနစ်၏ တင်းကျပ်သောထိန်းချုပ်မှုများကြောင်း ဖြစ်နိုင်ချေရှိသောကိစ္စများကို ရှာဖွေဖော်ထုတ်ရန်နှင့် သီးခြားခွဲထုတ်ရန် ကူညီပေးလိမ့်မည်” လို့ တောင်ကိုရီးယား ကျောင်နမ် တက္ကသိုလ်က မြောက်ကိုရီးယားအရေးလေ့လာမှုဆိုင်ရာ ပါမောက္ခ က ပြောခဲ့ပါတယ်။ 

ကပ်ရောဂါနဲ့ တစ်နိုင်ငံလုံ ပိတ်ဆို့ထားတဲ့အတွက် မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာ အခြေ အနေပိုမိုဆိုးဝါးလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန်လမှာ သတိပေးထားပါတယ်။ 

“အစားအစာပြတ်လပ်မှုတွေ ပြင်းထန်လာပြီး ရောဂါကူးစက်မှုတွေ ပိုဖြစ်လာနိုင်တာကြောင့် လူတွေအပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ခွင့်ပြုဖို့ မြောက်ကိုရီးယားက ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့ လုပ်ဆောင်သင့်တယ်” လို့ ဆိုးလ်မြို့ရှိ အမျိုးသားပြန်လည်ပေါင်းစည်းရေး အင်စတီကျု အကြီးတန်းတာဝန်ရှိသူ ချိုက ပြောပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.