ရန်ကုန် – ဩဂုတ်(၅) ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊(၉) ရပ်ကွက် အင်းယားလမ်းနဲ့ သထုံလမ်းထောင့်က အဆင့်မြင့် ပညာဦးစီးဌာနရုံ ဒီနေ့ ဩဂုတ်လ(၅) ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်က သတင်းထုတ်ပြန်ထားပါတယ်။ဒီနေ့မနက်(၆) နာရီကျော်က အဆင့်မြင်ပညာဦးစီးဌာနရဲ့ အဆာင်(၁) မှာ မီးလောင်ခဲ့တာဖြစ်ပြီး ကမာရွတ်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၂) စီး၊စမ်းချောင်းမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်(၁) စီးတို့နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး မနက်(၇) နာရီဝန်းကျင်မှာ မီးငြှိမ်းခဲ့တယ် လို့ သိရပါတယ်။ အဆင့်မြင့်ပညာဦးစီးဌာန အဆာင်(၁) လက်က CCTV ခန်းမှာ မီးစတင်လောင်ခဲ့တာဖြစ်ပြီး အခန်း တစ်ခန်းလုံးတော့ မီးလောင်ပျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ အဆင့်မြင့်ပညာဦးစီးဌာန အဆာင်(၁) CCTV ခန်းမီးလောင်ခဲ့တာနဲ့ ပတ်သက်ပြီး ပျက်ဆီး ဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေအသေးစိတ်ကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MFSD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.