ကျိုက်ထို ၊ သြဂုတ် (၅)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးနင်းရင် ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ကြေညာနေကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဒီကနေ့ သြဂုတ်လ ၄ ရက်နေ့မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ စီနင်းတာတွေ မလုပ်ကြဖို့ ရပ်ကွက်ကျေးရွာတွေမှာ လိုက်လံကြေညာနေတာပါ။စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာတော့ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးရ၊ အမျိုးသမီးမောင်းတဲ့ ဆိုင်ကယ်မှာ အမျိုးသားဖြစ်သူမှ အနောက်က လိုက်မစီးရ၊ အမျိုးသမီး ၂ ဦးဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ စီးနင်းနိုင်တယ်လို့ဆိုပါတယ်။စစ်ကောင်စီက အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ စီးနင်းမှုတွေကို သြဂုတ် ၅ ရက်နေ့က စတင်ပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ ဆိုထားပေမယ့် ဘယ်လိုပုံစံနဲ့ အရေးယူမယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်ကြောင့် အခြေခံပြည်သူတွေအနေနဲ့ စားဝတ်နေရေးနဲ့ခရီးသွားလာရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီသတင်းပေး၊ ဒလန်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ လက်အောက်ခံဝန်ထမ်းတွေ ပစ်ခတ်ရှင်းလင်းခံနေရတာကြောင့် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ မစီးဖို့ ထုတ်ပြန်ကြေညာလာတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.