ထိုင်ဝမ် ၊ သြဂုတ် (၄)

အမေရိကန်လွှတ်တော်ပြော‌ရေးဆိုခွင့်ရှိသူ နန်စီ ပီလိုစီ ထိုင်ဝမ်ကျွန်းမှ ပြန်လည် ထွက်ခွာသွားချိန်မှာတော့ တရုတ်အနေဖြင့် တုံ့ပြန်ဆောင်ရွက်ဖို့ စစ်ရေးပြင်ဆင်မှုများအားလုံးကို ကျွန်းနိုင်ငံရဲ့ ကမ်းခြေနားကို တိုးလာနေပြီဖြစ်ပါတယ်။

သံတမန်ခင်းခရီးစဥ်အတွင်း ပါလီမန်အဖွဲ့ဝင်များနှင့် ထိုင်ဝမ်သမ္မတတို့နှင့် တွေ့ဆုံပြီး နောက်တစ်နေ့ ဖြစ်သည့် ယနေ့ (ဩဂုတ်လ ၃) ရက်နေ့ ညနေခင်းမှာ နန်စီပီလိုစီက ကျွန်းနိုင်ငံမှ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

ပီလိုစီသည် အစိုးရအဖွဲ့အင်္ဂါစဥ်မှာ သမ္မတပြီးရင် ဒုတိယအဆင့်ရှိသူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အမြင့်ဆုံး ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ကာ ၂၅ နှစ်အတွင်း ထိုင်ဝမ်သို့ လာရောက်တာ ဖြစ်ပါတယ်။ 

နိုင်ငံတကာရေးရာ ဝေဖန်သုံးသပ်ရေးအဖွဲ့မှ တရုတ်အရေးအကြီးတန်းသုံးသပ်သူ အာမန်ဒါ က နန်စီပီလိုစီရဲ့ အလည်အပတ်ခရီးဟာ ကျွန်းနိုင်ငံအပေါ်  အမေရိကန်လွှတ်တော်ရဲ့ ထောက်ပံ့ပေးမှု အတိုင်းအတာကို ပြသတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

အဆိုပါ ပညာရှင်မှ ပြောကြားချက်အရ ယခုခရီးစဥ်ဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဂယက်ထမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ထိုအခြေအနေကို ထိုင်ဝမ်သမ္မတမှ ရရှိလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝန်ရီက တရုတ်နိုင်ငံ ကို စော်ကားလိုသော လူတွေကို ပြန်လည် အပြစ်‌ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

တဖက်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့က အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကြောင်းအရာများအတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေပြီး သူတို့အချင်းချင်းကြား တွေ့ဆုံသွားဖို့ အစီအစဥ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဦးစီးဌာနက ပြောကြားခဲ့ပါတယ်။

ပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဥ်မှာလည်း မမျှော်မှန်းထားသော အရာများ ဖြစ်ပေါ်လာခဲ့ခြင်းမရှိသလို ထူးခြားဖြစ်စဥ်များလည်းမရှိခဲ့ဘူးလို့ ယင်းဦးစီးဌာနမှ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

 Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.