မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ရန်ကုန် YBS အနုကြမ်းစီးခံရ” ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။YBS 42 ကားပေါ် အဖွဲ့လိုက်တက်ပြီး ကားသမားအား ဓားထောက်၍ ခရီးသည်များထံမှ ရွှေငွေများ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေက ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ဒီအကြောင်းအရာဟာ ဇူလိုင်၂၉ရက်ရက်နေ့နဲ့ ဇူလိုင်လ ၃၀ရက်နေ့တွေမှာ လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘွတ်စ်နှင့် တယ်လီဂရမ်ချန်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ဖြန့်ဝေထားတဲ့ ပိုစ့်အပြည့်အစုံကတော့ ” ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရွှေပြည်သာမှ ဒဂုံဧရာအဝေးပြေးသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း 42(6p / 6057)သည် မြောက်ဥက္ကလာပ အိန္ဒြာ မှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရကြောင်း သိရသည်” ဆိုပြီး ရေးသားခဲ့ကြတာပါ။သတင်းမှားဖြန့်ဝေနေတဲ့ ပေ့ချ်တွေနဲ့ ဖေ့ဘုတ်အကောင့်တွေကို အောက်ပါလင့်မှာ စုစည်းပေးထားပါတယ်။https://www.facebook.com/102960331884029/posts/pfbid04DjpqK7yVRYpAYQ5B43Fy5QCSTx46bJRz8tZySx2rcdnn7iZXhqrHdLRP34iCNTil/https://m.facebook.com/story.php?story_fbid=pfbid0362oC9qNqibwYFEwaru3C5Ua5tK492cbjAnTBGePbDhnrDUH3Dv3hs2HCmvWY5d66l&id=1491115637845275https://m.facebook.com/story.php…https://m.facebook.com/story.php?story_fbid=pfbid02NeFRHkufPQmRFdoWWJe7DTFedikyX3yUsNN3M5qjNgiChDpeqUPXPKk6P7igsDRtl&id=1486061868https://m.facebook.com/story.php?story_fbid=pfbid037GL4TM67xgPoZfrjZ3jMuyEiJ6PXu2Pm41FxX615bv5Bdvg3VZ61ifFxnYz2SmK5l&id=100015602232536https://m.facebook.com/story.php?story_fbid=pfbid09tu3AvFbkiUme4w4bXQMKk5NFfmpwuFk2xAZgsGKkiFaJHMXmv6VhPKox2LBgLpHl&id=100070516043977https://www.facebook.com/…/pfbid02Zn1Tp8f2qRFtaePgyKZG…/https://www.facebook.com/100082972542679/posts/pfbid02ZRFy5dFrSi1VNCJPdvQ43nxG4V6mrGWouXVYKtsDR6zke2WZvWZp8BhdSf9iMAstl/https://www.facebook.com/1756731487901678/posts/pfbid0RZR8iutiruSBqcjpvEF8k6W5nL9Dp1mUyC1Lzjj7sxZrRz6mm9qx6gwT3PaQQpEvl/https://www.facebook.com/100007301705484/posts/pfbid0QuxWRQ22RwTBz57b1gboCUZ3DfcT7uQqsSSQNyMdmucy5BFt7FR27oJnjNLJ5Zocl/အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက သတင်းမှားဖြန့်ဝေနေတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ YBS ယာဥ် အနုကြမ်းစီးခံရတယ်ဆိုတဲ့ သတင်းဟာ သတင်းမှားသာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC)က ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် သတင်းအမှားမှာ ဖော်ပြထားတဲ့ YBS 42 6p / 6057 ကားနံပါတ်မှာYBS ဟာ ယာဥ်လိုင်းမှာ မရှိသလို အဲ့ဒီဖြစ်စဉ်မျိုးလည်း ဇူလိုင်လ၃၀ရက်ကမဖြစ်ခဲ့ဘူးဟု ရွှေပြည်သာခရီးသည်ပို့ ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီမှ YBS ၄၂ ၊ ၆၅ ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအေးလွင်က Mizzima သတင်းဌာနကို အတည်ပြု ဖြေကြားထားပါတယ်။အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး YRTC page နဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။https://www.facebook.com/113407051110315/posts/pfbid02nDzpQSVHxtdrNjyRqbxjdFZPBN9Jc9BLNkFuBQPnsEXtjVy5hVpCvh4jkskF4cYfl/https://www.facebook.com/216265185075061/posts/pfbid023vUxt4yRNq5J7Jisf4Uf8eM2tRYGA3KhwXjmYbjNwXGimdA3yqD374quMGDoorB9l/ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ ” ရန်ကုန် YBS အနုကြမ်းစီးခံရ” ဆိုတဲ့အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.