ရန်ကုန် ၊ ဩဂုတ်(၂)

ရန်ကုန်မြို့မှာ ဇူလိုင်လ(၃၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူထုအဓိဌာန်းပြုပွဲ မှာ ဒလန်သတင်းပေးခဲ့ တဲ့အတွက် ရန်ကုန်သပိတ်လူငယ်တွေနဲ့ ပြည်သူ (၁၀) ဦးကျော်ကို စစ်ကောင်စီက ရိုက်နှက်ဖမ်း ဆီးသွားခဲ့ပါတယ်။ စစ်ကောင်စီဟာ လမ်းတွေပိတ်ဆို့ပြီး ဖမ်းဆီးခဲ့တဲ့အတွက် သပိတ်ပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ်တချို့ ဖမ်းဆီးခံလိုက်ရတာပါ။ လှိုင်မြို့နယ်(၇) ရပ်ကွက် မယ်ဇီကုန်းလမ်းက နန်းမေတ္တာလက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်း တချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုထားပါတယ်။ သူတို့တွေကို သပိတ်လူငယ်တွေ ဆိုင်ထဲဝင်ရောက်လာလို့ ဖမ်းဆီးသွားတဲ့ ပုံစံဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေ နေထိုင်တဲ့ ရပ်ကပ်ထဲမှာလည်း လမ်းပိတ်ပြီး ခရီးသွား ပြည်သူတွေကို ဒူးထောက်ခိုင်းတာ၊ အော်ဟစ်ဆဲဆိုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ တွေက ဆိုထားပါတယ်။ ရန်ကုန်မြို့မှာ ဇူလိုင်လ(၃၁) ရက်နေ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကျောင်းသားလူငယ် တွေဟာ သပိတ်ပွဲတွေ ပြုလုပ်ခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ လက်ဘက်ရည်ဆိုင်ပိုင်နဲ့ ဝန်ထမ်းတွေ ဒီနေ့ဩဂုတ်လ (၁) ရက်နေ့ မနက်ပိုင်းအထိ ပြန်လွတ်လာတာ မရှိသေးလို့ ဆိုင်ပိတ်ထားရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – တော်လှန်လူငယ်များ ပြည်သူလူထုနှင့်အတူ bus ကားပေါ်မှာ တော်လှန်သစ္စာအဓိဌာန်ပြုနေစဥ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.