မော်လမြိုင် – ဩဂုတ်(၁)

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ တရားမဝင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတဲ့ ပြည်ပ ကုမ္ပဏီ(၈) ခုကို ခြွင်းချက်မရှိရပ်ဆိုင်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဇူလိုင်လ(၃၁) ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဖော်ပြထားတဲ့ စာရင်းထဲမှာ စင်္ကာပူကုမ္ပဏီ (၇) ခုနဲ့ တရုတ်ကုမ္ပဏီ(၁) ခုပါဝင်ပါတယ်။ အဲ့ဒီကုမ္ပဏီတွေဟာ ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ရင်းနှီးမြှုပ်နှံထားတာပါ။ တရားမဝင်တဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဆီကနေ ခွင့်ပြုမိန့်၊အတည်ပြုမိန့်တွေတောင်းခံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆောင် ရွက်တာတွေမလုပ်ကြဖို့နဲ့ ဆောင်ရွက်ဆဲ တရားမဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ခြွင်းချက်မ ရှိရပ်ဆိုင်းထားဖို့ နောက်ဆုံးအကြိမ်သတိပေးတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီက နိုင်ငံတော်အာဏာကို တရားမဝင်လုယူလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ(၁) ရက်နေ့ကစပြိး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနဲ့ စပ်လျဉ်းတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြု့မိန့်အတည်ပြု မိန့်တွေ ထုတ်ပေးတာကို ခြွင်းချက်မရှိ ရပ်ဆိုင်ထားဖို့ ၁/၂၀၂၁ နဲ့ ထုတ်ပြန်ကြေညာထားပြီး ဖြစ်တယ်လို့ ဆိုထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်တားမြစ်ချက်တွေကို လိုက်နာမှုမရှိရင် လက်တွေ့ကျ ပြင်းထန်ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.