ပုလဲ – ဩဂုတ်(၁)

စစ်ကောင်စီလက်အောက်ခံ တပ််မ(၇၇) စစ်သားတွေနဲ့ ပျူစောထီး အင်အား(၁၀၀) လောက်ဟာ ပုလဲ မြိုနယ်က ရွာသား(၂၉) ဦးကို သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီးဌာက ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရွာသစ်(တောင်ပိုင်း)ကျေးရွာက ရွာသား(၂၉) ဦးကို ဇူလိုင်လအတွင်းမှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာ အသက်(၁၅) ငယ်အရွယ်အမျိုးသမီးတစ်ဦးလည်းပါဝင်နေတာပါ။ “တိုင်းပြည်အေးချမ်းသာယာလျက်ရှိသည် လို့ မကြာခဏ ဟစ်ကြွေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီ ဟာ မြန်မာပြည်အလယ်ပိုင်းစစ်ကိုင်းတိုင်းမှာ စဉ်ဆက်မပြတ် အကြမ်းဖက်မှုတွေကို ကျူးလွန်နေဆဲ ဖြစ်ပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောထား ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ(၁၀) ရက်နေ့ မနက်(၉) နာရီက ဒေသခံရွာသူ အမျိုးသမီး(၃) ဦး ဟာစစ်ကောင်စီ တပ်သားတွေ ပြန်ထွက်သွားပြီအထင်နဲ့ အိမ်ပြန်လာချိန် သေနတ်သံကြားနေရသေးတဲ့အတွက် အိမ်သာထဲဝင်ရောက်ပုန်းအောင်းနေချိန်မှာ စစ်သားတွေရာက်ရှိလာပြီး ပစ်သတ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ပစ်သတ်ခံလိုက်ရတဲ့ အမျိုးသမီးတွေဟာ နားထင်ကို ပစ်ခတ်ခံထားရတဲ့ ပုံစံမှာရှိပြီး ခေါင်းတစ်ဖက်ပေါက်ထွက်သွားကာ ဦးနှောက်ပေါက်ထွက်သွားတဲ့ အနေအထားမျိုးနဲ့ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီ တပ်သားတွေဟာ ပြည်သူပိုင်နေအိမ်တွေထဲကနေ ပစ္စည်းတွေ ဝင်ရောက်ရှာဖွေ သယ်ဆောင်တာတွေရှိခဲ့သလို တပ်စွဲထားချိန်တွေမှာလည်း အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ် စားသောက်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းက ပြည်သူတွေကို စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်စဉ်(၂) ခုကို အသေးစိတ်မှတ်တမ်းရရှိထားပြီး ထပ်မံကျူးလွန်ခံရတဲ့ ကျေးရွာတွေလည်း ရှိနေ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.