July 2022

လက်နက်မှောင်ခိုရောင်းဝယ်သူအတွက် ဂရီနာကို လဲလှယ်ရန် သဘောတူညီမှုမရှိဟု ရုရှားပြော

လန်ဒန် ၊ ဇူလိုင် (၂၉) အမေရိကန်ပြည်ထောင်စုနှင့် အကျဉ်းသားလဲလှယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေပေမယ့် အထိန်းသိမ်းခံထားရတဲ့ အမေရိကန်ဘတ်စကက်ဘောကြယ်ပွင့် ဘရစ်တနီဂရီနာကို ရုရှားလက်နက်ရောင်းဝယ်သူ ဗစ်တိုဘောက်တ်နဲ့ လဲလှယ်ရန် သဘောတူညီချက်မရှိဘူးလို့ ရုရှားနိုင်ငံက ဇူလိုင် ၂၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ခ်က “ဒီအပိုင်းမှာတော့ အခုအချိန်အထိ သဘောတူညီချက်တွေ မရှိသေးပါဘူး” လို့ ပြောဆိုခဲ့တာပါ။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက…

ကျေးလက်နေပြည်သူတွေမြန်နှုန်းမြင့်အင်တာနက်သုံးနိုင်ဖို့ အမေရိကန်အစိုးရက ဒေါ်လာသန်း လေးရာ အသုံးပြုမယ်

ဝါရှင်တန် – ဇူလိုင်(၂၉) အမေရိကန်နိုင်ငံအတွင်းက ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ပြည်သူ(၃) သောင်းကျော်နဲ့ ပြည်နယ်(၁၁) ပြည်နယ်က စီးပွားရေးလုပ်ငန်းတွေအတွက်မြန်နှုန်းမြင့် အင်တာနက် ထောက်ပံ့ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ (၄၀၁) မီလျံ အသုံးပြုသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာ ဝက်ဘ်ဆိုဒ်ပလက်ဖောင်တွေကို လက်လှမ်းမီအသုံးပြုနိုင်ဖို့အတွက် အစိုးရရဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်တာပါ။ “ကျွန်ုပ်တို့က ဒီငွေတွေနဲ့အတူ လူတိုင်းအတွက် သင့်တော်ပြီး ယုံကြည်စိတ်ချရသော အင်တာ နက်ဖြစ်စေရေး…

ဂါရူဒါရှီးလို့ခေါ်တဲ့ စစ်ရေးလေ့ကျင်မှုမှာ ဂျပန်ပထမဆုံးအကြိမ်ပါဝင်မယ်

တိုကျို – ဇူလိုင်(၂၉) အမေရိကန်၊ဩစတြေးလျတို့နဲ့ အတူ လာမယ့်ဩဂုတ်လ အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး အကြိမ်းစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်လာမှာဖြစ်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါက အင်ဒိုနီးရှားသမ္မတနဲ့ ဆွေးနွေးပြီးနောက်မှာ ပြောဆိုခဲ့ပါတယ်။ အင်ဒို-ပစိဖိတ်ဒေတွင်း တရုတ်ရဲ့ ဩဇာအခိုင်အမာ ကြီးထွားလာနေတာကို အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေက တန်ပြန်ဖို့ ကြိုးပမ်းမှုတွေအရှိန်မြှင့်လာချိန်မှာ ဂျပန်ရဲ့ ပါဝင် ပတ်သက်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ လွတ်လပ်ပွင့်လင်းတဲ့…

စစ်အာဏာသိမ်း ရက် (၅၄၃) အတွင်း သတ်ဖြတ်ခံရသူ ၂၁၃၃ ဦး အထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၂၉ AAPP ၏ ဇူလိုင်လ (၂၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၄၃)အတွင်း ပြည်သူ (၂၁၃၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၄၉၀၉ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၂) ဦး ရှိသည်။အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး မွန်ပြည်နယ်တွင်…

ထားဝယ်ပင်မသပိတ် အကြမ်းဖက်ဖြိုခွင်းခံရတဲ့ ၁၇ လပြည့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု

ကံပေါက်၊ ဇူလိုင် ၂၉ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ လူငယ်တွေဟာ ဇူလိုင် ၂၈ ရက်နေ့ ညဦးပိုင်းက ထားဝယ်ပင်မသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသူတွေအတွက် ၁၇ လပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ထားဝယ်ပင်မသပိတ်ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အကြမ်းဖက်ဖြိုခွင်းခံရတာ‌ကြောင့် ကိုဖေသန်း၊ ကိုသန်းဝင်း၊ ကိုလွင်ကိုဦးနဲ့ ကိုဗညားအောင်တို့ ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူနဲ့…

သေဒဏ်စီရင်မှုကြောင့် နွေဦးတော်လှန်ရေး အရှိန်အဟုန် ပိုမို ပြင်းထန်လာနိုင်

ရန်ကုန် ၊ ဇူလိုင် (၂၉) စစ်ကောင်စီက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင် ကွက်မျက်လိုက်တဲ့အတွက် နွေဦးတော်လှန်‌ရေး အရှိန်အဟုန် ပိုမိုပြင်းထန်လာနိုင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမှောင်ကျသွားပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း သေဒဏ်စီရင်လိုက်ပြီးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ…

တိုက်ခိုက်မှု သတင်းတွေ ချက်ချင်းမတင်ကြဖို့ ရန်ကုန် UG တွေ ထပ်မံတောင်းဆို

ရန်ကုန် ၊ ဇူလိုင် (၂၉) စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူအပါအဝင် သတင်းမီဒီယာတွေအနေနဲ့ တိုက်ခိုက်မှု သတင်းတွေကို ချက်ချင်းမတင်ကြဖို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့(UG) တွေက ထပ်မံတောင်းဆို လိုက်ပါတယ်။စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် ၄ ဦးတို့ကို သေဒဏ်စီရင်လိုက်တဲ့အပေါ် တုံ့ပြန်လက်စားချေဖို့အတွက် မြို့ပြပျောက်ကြားတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေ တိုးမြှင့်သွားဖို့ စီစဉ်ထားတာပါ။ဒါကြောင့်…