July 2022

တရုတ်သမ္မတက ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး မီးနဲ့မကစားဖို့ ဂျိုးဘိုင်ဒင်ကို သတိပေး

ပေကျင်း – ဇူလိုင်(၃၀) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဖုန်းခေါ်ဆိုမှုတစ်ခုမှာ ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ မီးနဲ့ မကစားဖို့ သတိပေးလိုက်ပြီး သူတို့ရဲ့ ပထမဆုံး လူချင်းတွေ့မယ့် ထိပ်သီးအစည်းအဝေးကို စီစဉ်ဖို့ ဇူလိုင်လ(၂၈) ရက်နေ့က သဘောတူခဲ့ကြပါ တယ်။ သမ္မတဘိုင်ဒင် ရာထူးရလာပြီးနောက်ပိုင်း သူတို့ရဲ့ ပဥ္စမအကြိမ်းမြောက်ဖုန်းခေါ်ဆိုမှု ဖြစ်ပြီး လူချင်းတွေ့ဆုံမယ့်…

သမ္မတသစ် ဖာဒီနန်မားကိုစ့် ငလျင်ဒဏ်သင့်ဒေသတွေကို သွားရောက်

မနီလာ – ဇူလိုင်(၃၀) ဖိလစ်ပိုင်နိုင်ငံငံ လူဇွန်ကျွန်းပေါ်မှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့တဲ့နေ အိမ်တွေကို အသစ်ပြန်လည်တည်ဆောက်မယ်လို့ သမ္မတ မားကိုစ်က ကတိပြုခဲ့ပြီးလက်ရှိမှာ တော့ ပြည်သူ တွေဟာ ပန်းခြံတွေနဲ့ လမ်းဘေးပလက်ဖောင်းတွေပါ်မှာ တဲထိုးနေထိုင်နေကြပါ တယ်။ ပြင်းအား(၇.၁) မက်ဂနီကျူရှိတဲ့ ငလျင်ဟာ ဖိလစ်ပိုင်မြောက်ပိုင်းကျွန်းတွေပါ်မှာ ဗုဒ္ဓဟူး နေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၅) ဦးသေဆုံးကာ လူ(၁၃၀)…

ရန်ကုန်မြို့တော်ခန်းမအနောက်မှာ ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ခဲ့

ရန်ကုန် – ဇူလိုင်(၃၀) ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်ခန်းမအနောက်မှာရှိတဲ့လမ်းသွယ်ထဲမှာ ဒီနေ့ ဇူလိုင်လ(၃၀) ရက်နေ့ နေ့လည်(၁၁) နာရီလောက်က ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား(၂) ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီဗုံးဟာ စည်ပင်ရုံးဝင်ပေါက်အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်သား တွေရဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရေသးပါဘူး။ “ပေါက်ကွဲသံကတော်တော်ကျယ်တယ်။ ထလဲပေါက်ရော အဲ့ကစောင့်နေတဲ့ကောင်တွေထွက်ပြေး တာပဲ။လူနာတင်ယာဥ်တွေ့တယ်။ နှစ်ကောင်ထိတယ်ပြောတာပဲ သေချာတော့မသိရသေးဘူး။”လို့…

ဘီးလင်းမှာ စစ်ကောင်စီ သတင်းပေးဒလန် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ ဇူလိုင် ၃၀ ဘီးလင်းမြို့နယ်၊ ချောင်းပြန့်ကျေးရွာ လယ်ယာမြေသမဂ္ဂ ဥက္ကဌဖြစ်သူ ဦးပန်းစိန်ဟာ BGF နဲ့ စစ်ကောင်စီ သတင်းပေးလုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)က ထုတ်ပြန်ပါတယ်။ဇူလိုင်လ ၂၉ ရက်နေ့ ည၉ နာရီခန့်မှာ ဦးပန်းစိန်ဆိုသူကို နေအိမ်မှာရှိနေချိန် ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF) တပ်ဖွဲ့ဝင်တွေကနေအိမ်ပေါ်တက် ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ဦးပန်းစိန်ဟာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပင်…

စစ်ကောင်စီက သေဒဏ်စီရင်မှုတွေ ထပ်လုပ်မှာကို စိုးရိမ်မှုတွေ ရှိနေ

ရန်ကုန် ၊ ဇူလိုင် (၃၀) သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက သေဒဏ်စီရင်မှုတွေ ထပ်လုပ်လာမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ပြောပါတယ်။စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း သေဒဏ်စီရင်လိုက်ပြီးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ဒီလုပ်ရပ်ကြောင့် အကျဉ်းထောင်ထဲမှာ…

ဖက်ဆစ်စစ်တပ်ရဲ့ အဓမ္မလုပ်မှုတွေအတွက်ဆန့်ကျင်ချီတက်ဆန္ဒပြပွဲ

မဲဘုန်း – ဇူလိုင်(၃၀) ဒီနေ့ ဇူလိုင်လ(၃၀) ရက်နေ့ ဩစတြေးလျ ဒေသစံတော်ချိန် နေ့လည် (၁၂) နာရီကစပြီး ဩစတြေးလျ ရောက်မြန်မာနိုင်ငံသားတွေစုပေါင်းပြီး ဖက်ဆစ်စစ်တပ်ရဲ့ အဓမ္မလုပ်မှုတွေအတွက် ဆန့်ကျင်ချီတက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို မြန်မာနိုင်ငံသား အင်အားရာနဲ့ချီတက်ရောက်လာခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ကိုမင်းမော်ကွန်း လည်း တက်ရောက်လာခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ ကွပ်မျက်ခံလိုက်ရတဲ့ ကျွန်တော်တို့တွေရဲ့ သူရဲကောင်းတွေအတွက်…