July 2022

ပြည်ကြီးတံခွန်သပိတ်အင်အားစုရဲ့ စစ်အာဏာရှင်ကျရှုံးရေးသပိတ်

မန္တလေး – ဇူလိုင်(၃၀) ဒီနေ့ ဇူလိုင်လ(၃၀) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး စစ်အာဏာရှင်ကျရှုံးရေး သပိတ် ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

” စစ်ခွေး သင်္ချိုင်း စစ်ကိုင်းတိုင်းသမိုင်းကိုထူ စစ်ကိုင်းကိုကူ “

ယင်းမာပင် – ဇူလိုင်(၃၀) ဒီနေ့ ဇူလိုင်လ(၃၀) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်း ကဦးဆောင်ပြီး “စစ်ခွေးသင်္ချိုင်းစစ်ကိုင်းတိုင်း သမိုင်းကိုထူ စစ်ကိုင်းကိုကူ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

တောင်ဒဂုံက အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို အာဏာရှင်ဆန်ဆန်ကားနဲ့တိုက်ဖမ်းဆီး

ရန်ကုန် – ဇူလိုင်(၃၀) ဒဂုံမြို့သစ်တောင်ပိုင်မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်သားတွေက Probox အိမ်စီးကားနဲ့ တိုက်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့တဲ့အတွက် ဂျပန်နိုင်ငံသား (CJ) တစ်ဦး အပါ အဝင်(၃) ဦးဖမ်းဆီးခံလိုက်ရတယ်လို့ Yangon Drone က သတင်းထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံသား Toru Kobota နဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ နဲ့အတူ ကင်မရာတစ်လုံး…

ပေါက်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ရဲ၊ပျူပူးပေါင်းစစ်ကြောင်းတိုက်ပွဲဖြစ်ပြီး ပျူဘက်က နှစ်ဆယ်နီးပါးသေဆုံး

ပေါက် – ဇူလိုင်(၃၀) မကွေးတိုင်းပေါက်မြို့နယ်မှာ ပြည်သူ့ကာကယ်ရေးတပ်တွေနဲ့ ရဲ၊ပျူပူးပေါင်းစစ်ကြောင်းတိုက်ပွဲဖြစ် ပွားခဲ့ပြီး ရဲနဲ့ပျူဘက်က (၁၇) ဦးသေဆုံးခဲ့တယ်လို့ Young Revolution Front က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈) ရက်နေ့က ကျားပစ်ကန်ရွာကို မီးရှို့ပြီး တောင်မြင့်ရွာဘက် ဆုတ်ခွာလာတဲ့ စစ်ကောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနှစ်ကြိမ်တိုင်ထိတွေ့မှုဖြစ်ခဲ့တာပါ။ “စစ်သားမပါတဲ့စစ်ကြောင်းလို့သိရတယ်ဗျ။ ကိုင်းလယ်စခန်းမှူးရာဇူးမောင်ရဲ့ စေခိုင်းချက် လို့သိရပါတယ်။ လေယာဉ်ပစ်ကူလာလို့နောက်ဆုတ်ခဲ့တာ။…

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုစီရင်ခဲ့တဲ့ စစ်ကောင်စီကို ကိုရီးယားရောက်မြန်မာတွေ ဆန္ဒပြ

ဆိုးလ် – ဇူလိုင်(၃၀) အာဏာသိမ်းစစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ(၄) ဦးကို သေဒဏ်စီခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ ကိုရီးယားရောက် မြန်မာတွေစုပေါင်းပြီး ဒီနေ့ဇူလိုင်လ(၃၀) ရက်နေ့မှာ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဒီမိုကရေးစီအရေးထောက်ခံတဲ့ ကိုရီးယားအဖွဲ့အစည်းတွေနဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေစုပေါင်းပြီး ဆိုးလ်ဂွမ်ဟာမွန်းကနေ စစ်သံရုံးရှေ့အထိချီတက် ခဲ့ကြတာပါ။ အင်အား(၁) ထောင်ကျော်နဲ့ ဆန္ဒပြသူတွေဟာ အနက်ရောင်ဝတ်စုံတွေနဲ့ နှင်းဆီပန်းတွေကို ယူဆောင်လာကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ…

ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံခြားအရန်ငွေကျဆင်းလာသောကြောင့် IMF ထံမှ ချေးငွေ ၄.၅ ဘီလီယမ် လျှောက်ထားရန်ရှိ

ဒါကာ-ဇူလိုင် (၃၀) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့ရဲ့ စီးပွားရေးအပေါ် ဖိအားများ တိုးမြင့်လာမှုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် တောင်အာရှ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နှင့် သီရိလင်္ကာတို့နဲ့ ပူးပေါင်းကာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ချေးငွေ ဒေါ်လာ ၄.၅ ဘီလီယံ တောင်းခံထားပါတယ်။ အကြီးစားအထည်အလိပ်တင်ပို့မှု လုပ်ငန်းကြောင့် လူသိများသော ဘင်္ဂလားဒေ့ရှ်ဟာ ၎င်းရဲ့ငွေပေးချေမှုလက်ကျန်နှင့် ဘတ်ဂျက်လိုအပ်ချက်များ အပြင် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ရန် ငွေကြေးရှာဖွေခဲ့တာ…