ရန်ကုန် – ဇူလိုင်(၃၀)

ဒဂုံမြို့သစ်တောင်ပိုင်မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်သားတွေက Probox အိမ်စီးကားနဲ့ တိုက်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့တဲ့အတွက် ဂျပန်နိုင်ငံသား (CJ) တစ်ဦး အပါ အဝင်(၃) ဦးဖမ်းဆီးခံလိုက်ရတယ်လို့ Yangon Drone က သတင်းထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံသား Toru Kobota နဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ နဲ့အတူ ကင်မရာတစ်လုံး ဘန်နာ ပိတ်စတစ်ခုကို ဖမ်းဆီးရမိသွားခဲ့တာပါ။ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး အကြမ်းဖက် ဖမ်းဆီး မခံရခင်အထိ သူတို့အားလုံးဟာ ကျန်းမာရေးကောင်းမွန်သူတွေဖြစ်တဲ့အတွက် ထိခိုက်မှု တစုံတရာ ရှိရင် အကြမ်းဖက်ဖမ်းဆီးသွားတဲ့ စစ်ကောင်စီမှာသာ တာဝန်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကို သံလွင်တိုင်းမ် အနေနဲ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့သလို စစ်ကောင်စီလက်အောက်ခံ ဒဂုံမြို့သစ်တောင်ပိုင်း ရဲစခန်းကို ဆက်သွယ်ခဲ့တာကိုလည်း ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.