ရန်ကုန် ၊ ဇူလိုင်(၃၁)

စစ်ကောင်စီလက်အောက်ခံလျှပ်စစ်ဌာနက စက်မှုဇုန်တွေကို အချိန်ပိုင်းသာ မီးပေးလာတဲ့ အတွက် လုပ်ငန်းလည်ပတ်ဖို့ အခက်တွေ့လာရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။လျှပ်စစ်ဓာတ်အားရရှိဖို့အတွက် လုပ်ငန်းရှင်တွေက လောင်စာဆီတွေကို အစားထိုး သုံးစွဲနေရတာကြောင့် ကုန်ကျစရိတ်ပိုများလာပြီး ရေရှည်ရပ်တည်ဖို့ အခက်ကြုံလာကြတာလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ လျှပ်စစ်ဌာနက စက်မှုဇုန်တွေကို မနက်(၈) နာရီကနေ ညနေ(၅) နာရီအထိသာ ဓာတ်အား ပေးနေပြီး လျှပ်စစ်မီးလာရမယ့် အချိန်တွေမှာလဲ မကြာခဏ ပြတ်တောက်နေတာပါ။ စက်ရုံအလုပ်ရုံတွေ အဆင်ပြေပြေလည်ပတ်နိုင်ဖို့ လျှပ်စစ်မီးအချိန်မှန်ရအောင် လုပ်ငန်းရှင် တွေဟာ ပြီးခဲ့တဲ့ မတ်လက စစ်ကောင်စီနဲ့ ညှိနှိုင်းခဲ့ပြီး မနက်(၉) နာရီကနေ ညနေ(၅) နာရီအထိ စက်မှုဇုန်တွေကို ဓာတ်အားပေးဖို့ သဘောတူထားခဲ့တာပါ။ဒါပေမယ့် စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနကတော့ ဓာတ်အားလိုင်းတွေဖောက်ခွဲခံရတာနဲ့ မတော်တဆမှုတွေ ကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်မှု လျှော့နည်းသွားနိုင်ပြီး ရန်ကုန်တိုင်းအတွင်းက အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုတွေ ရှိလာနိုင်တယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.