မနီလာ – ဇူလိုင်(၃၀) 

ဖိလစ်ပိုင်နိုင်ငံငံ လူဇွန်ကျွန်းပေါ်မှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့တဲ့နေ အိမ်တွေကို အသစ်ပြန်လည်တည်ဆောက်မယ်လို့ သမ္မတ မားကိုစ်က ကတိပြုခဲ့ပြီးလက်ရှိမှာ တော့  ပြည်သူ တွေဟာ ပန်းခြံတွေနဲ့ လမ်းဘေးပလက်ဖောင်းတွေပါ်မှာ တဲထိုးနေထိုင်နေကြပါ တယ်။ 

ပြင်းအား(၇.၁) မက်ဂနီကျူရှိတဲ့ ငလျင်ဟာ ဖိလစ်ပိုင်မြောက်ပိုင်းကျွန်းတွေပါ်မှာ ဗုဒ္ဓဟူး နေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၅) ဦးသေဆုံးကာ လူ(၁၃၀) ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေနဲ့ နေအိမ်အဆောက်အအုံတွေနဲ့ ခရီးသွားဧည့်သည်လာ ရောက်လည်ပတ်မှုများတဲ့ ဗီဂန်မြို့က ရာစုနှစ် သက်တမ်းရှိတဲ့ ဘုရားကျောင်းတွေလဲ ထိခိုက် ပျက်စီးခဲ့ပါတယ်။ 

“ထိခိုက်သွားတဲ့ လူတွေအားလုံးအတွက် လိုအပ်တာမှန်သမျှ ထောက်ပံ့ပေးနိုင်ဖို့ ကျွန်ုပ်တို့ကို အရင်ဆုံးအနေနဲ့ သေချာအောင် ဆောင်ရွက်ခွင့်ပြုပါ”လို့ သမ္မတမားကို့စ်က ငလျင်လှုပ်ခတ် ခဲ့တဲ့ ဒေသကို ရောက်ရှိချိန်မှာပြောခဲ့ပါတယ်။ 

ငလျင်ကြောင့် မားကို့စ် ရဲ့ အမာခံဒေသဖြစ်တဲ့ အာဘရာ ခရိုင်ဒေသန္တရ က ဘန်ဂေးမြို့တော်မှာ လည်းပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီမြို့ဟာ ငလျင်ဗဟိုချက်ရဲ့ အကွာအဝေး (၁၁) ကီလို မီတာ မှာတည်ရှိပါတယ်။ 

ပြည်သူတွေကတော့ သူတို့ရဲ့ နေအိမ်တွေမှာ နေထိုင်ဖို့ ကြောက်ရွံ့နေကြတဲ့ အတွက် မိသားစု တွေစုပေါင်းပြီး ခိုလှုံစင်တာတွေမှာစခန်းချနေထိုင်နေကြပါတယ်။ 

ငလျင်ပညာရှင်တွေရဲ့ ပြောဆိုချက်တွေအရ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကျွန်းတွေပေါ်မှာ ဖြစ်ပွား ခဲ့တဲ့ ငလျင်ဟာဖြစ်ပွာချိန်ကစပြီး အကြိမ်(၈၀၀) နီးပါးလှုပ်ခတ်ခဲ့တယ်လို့ ဆိုကြပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.