ဘီးလင်း၊ ဇူလိုင် ၃၀

ဘီးလင်းမြို့နယ်၊ ချောင်းပြန့်ကျေးရွာ လယ်ယာမြေသမဂ္ဂ ဥက္ကဌဖြစ်သူ ဦးပန်းစိန်ဟာ BGF နဲ့ စစ်ကောင်စီ သတင်းပေးလုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)က ထုတ်ပြန်ပါတယ်။ဇူလိုင်လ ၂၉ ရက်နေ့ ည၉ နာရီခန့်မှာ ဦးပန်းစိန်ဆိုသူကို နေအိမ်မှာရှိနေချိန် ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF) တပ်ဖွဲ့ဝင်တွေကနေအိမ်ပေါ်တက် ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ဦးပန်းစိန်ဟာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။”ညက သူအိမ်မှာဘဲရှိနေချိန် သေနတ်သမားတွေက အိမ်ပေါ်တက် ပစ်သတ်သွားတာ။ တစ်ယောက်က အိမ်ပေါ်တက်ပစ်တယ်။ တစ်ယောက်က အပြင်ကနေ ဆိုင်ကယ်နဲ့စောင့်နေတာ။ ပစ်ပြီးတာနဲ့ မောင်းထွက်သွားကြတယ် ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။သေဆုံးသွားတဲ့ ဦးပန်းစိန်ရဲ့ အလောင်းကိုတော့ စစ်ကောင်စီအဖွဲ့တွေက ဘီးလင်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ သတင်းပေး ဒလန်တွေနဲ့ ကြံခိုင်ရေးပါတီဝင်တွေဟာ မကြာခဏ ပစ်ခတ်ခံနေရပြီး သေဆုံးတာတွေရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.