ဒါကာ-ဇူလိုင် (၃၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့ရဲ့ စီးပွားရေးအပေါ် ဖိအားများ တိုးမြင့်လာမှုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် တောင်အာရှ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နှင့် သီရိလင်္ကာတို့နဲ့ ပူးပေါင်းကာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ချေးငွေ ဒေါ်လာ ၄.၅ ဘီလီယံ တောင်းခံထားပါတယ်။

အကြီးစားအထည်အလိပ်တင်ပို့မှု လုပ်ငန်းကြောင့် လူသိများသော ဘင်္ဂလားဒေ့ရှ်ဟာ ၎င်းရဲ့ငွေပေးချေမှုလက်ကျန်နှင့် ဘတ်ဂျက်လိုအပ်ချက်များ အပြင် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ရန် ငွေကြေးရှာဖွေခဲ့တာ ဖြစ်ပါတယ်။ 

မကြာသေးမီကာလက ဘင်္ဂလားဒေ့ရှ်ဘဏ်က ဇိမ်ခံပစ္စည်းများ၊ သစ်သီးများ၊ သီးနှံမဟုတ်သော အစားအစာများနှင့် စည်သွပ်ဘူးများနှင့် ပြုပြင်ထားသော အစားအစာများ တင်သွင်းမှုကို တားမြစ်ခြင်းဖြင့် ဒေါ်လာကို ထိန်းသိမ်းရန် မူဝါဒကို မကြာသေးမီက ကြေညာခဲ့ပါတယ်။

ဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်ရေး အရန်ငွေမှာ ဇူလိုင်လ 20 ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃၉.၆၇ ဘီလီယမ် သို့ကျဆင်းသွားခဲ့ပြီး ဖြစ်ပါတယ်။

ယခင်ကာလက လိုငွေဒေါ်လာ ၂.၇၈ ဘီလီယံနှင့်နှိုင်းယှဉ်ပါက ဘင်္ဂလားဒေ့ရှ်ရဲ့ ဇူလိုင်လမှမေလအထိ ငွေစာရင်းလိုငွေပြမှုသည်ဒေါ်လာ ၁၇.၂ ဘီလီယံရှိပြီးဖြစ်ကြောင်း ဗဟိုဘဏ်အချက်အလက်များအရ သိရပါတယ်။

ဇွန်လ ၃၀ ရက်နေ့ ကုန်ဆုံးခဲ့ပြီဖြစ်သည့် ဘဏ္ဍာနှစ်ရဲ့ ပထမ ၁၁ လမှာ သွင်းကုန် ၃၉ ရာခိုင်နှုန်း ခုန်တက်သွားပေမယ့် ပို့ကုန်ကတော့ ၃၄ ရာခိုင်နှုန်းသာ တိုးလာတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် တာကာငွေဟာ လွန်ခဲ့သည့် သုံးလအတွင်း ခန့်မှန်းခြေအားဖြင့် ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။

ပြည်တွင်းသုံးငွေတန်ဖိုး ကျဆင်းမှုသည် နိုင်ငံ၏ဘဏ္ဍာရေးဆိုင်ရာ အားနည်းမှုကို ပိုမိုကျဆင်းစေခဲ့ပြီး 

လက်ရှိလိုငွေပြမှုသည် ဒေါ်လာ ၁၇ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက တိုက်ခိုက်ပြီးနောက် နိုင်ငံတကာ လောင်စာဆီဈေးတွေ တက်လာတာကြောင့် အာဏာပိုင်တွေဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အငယ်တန်း စီမံကိန်းဝန်ကြီး က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ငွေပေးချေမှုလက်ကျန်ဟာ အနုတ်လက္ခဏာရပ်ဝန်းမှာ ရှိပါတယ်။ ငွေလဲနှုန်းကို တည်ငြိမ်အောင် ထိန်းထားဖို့ လိုပါတယ်”လို့ ၄င်းက ဆိုပါတယ်။

 Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.