မဲဘုန်း – ဇူလိုင်(၃၀)
ဒီနေ့ ဇူလိုင်လ(၃၀) ရက်နေ့ ဩစတြေးလျ ဒေသစံတော်ချိန် နေ့လည် (၁၂) နာရီကစပြီး ဩစတြေးလျ ရောက်မြန်မာနိုင်ငံသားတွေစုပေါင်းပြီး ဖက်ဆစ်စစ်တပ်ရဲ့ အဓမ္မလုပ်မှုတွေအတွက် ဆန့်ကျင်ချီတက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို မြန်မာနိုင်ငံသား အင်အားရာနဲ့ချီတက်ရောက်လာခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ကိုမင်းမော်ကွန်း လည်း တက်ရောက်လာခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ ကွပ်မျက်ခံလိုက်ရတဲ့ ကျွန်တော်တို့တွေရဲ့ သူရဲကောင်းတွေအတွက် ဒီမှာလာပြီးတော့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်။ နောက်တခုကလည်း ကျွန်တော်ဒီနိုင်ငံမှာ ရောက်ရှိနေပြီဆိုတာကို ဒီနိုင်ငံက ပြည်သူတွေတင်မကပဲ တစ်ကမ္ဘာလုံးက ပြည်သူတွေကို အသိပေးခြင်း ဖြစ်ပါတယ်။ အစောကြီးထဲက ကျွန်တော်အသိပေးချင်ပေမယ့် ကျွန်တော့်မိဘရဲ့ လုံခြုံရေးအတွက်ကို အသိမပေးခဲ့တာဖြစ်ပါတယ် လို့ သရုပ်ဆောင်ကိုမင်းမော်ကွန်းက SBS Radio Burmese သတင်းဌာန ကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင်နွေဦးတော်လှန်ရေးအတွက် ထောက်ပို့တပ်သားတစ်ယောက်အဖြစ် တော်လှန်ရေးမှာပါဝင်သွားမယ်လို့ သူကပြောခဲ့ပါသေးတယ်။
သတင်း၊ဓာတ်ပုံ – သံလွင်တိုင်းမ်