ပေါက် – ဇူလိုင်(၃၀)

မကွေးတိုင်းပေါက်မြို့နယ်မှာ ပြည်သူ့ကာကယ်ရေးတပ်တွေနဲ့ ရဲ၊ပျူပူးပေါင်းစစ်ကြောင်းတိုက်ပွဲဖြစ် ပွားခဲ့ပြီး ရဲနဲ့ပျူဘက်က (၁၇) ဦးသေဆုံးခဲ့တယ်လို့ Young Revolution Front က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈) ရက်နေ့က ကျားပစ်ကန်ရွာကို မီးရှို့ပြီး တောင်မြင့်ရွာဘက် ဆုတ်ခွာလာတဲ့ စစ်ကောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနှစ်ကြိမ်တိုင်ထိတွေ့မှုဖြစ်ခဲ့တာပါ။ “စစ်သားမပါတဲ့စစ်ကြောင်းလို့သိရတယ်ဗျ။ ကိုင်းလယ်စခန်းမှူးရာဇူးမောင်ရဲ့ စေခိုင်းချက် လို့သိရပါတယ်။ လေယာဉ်ပစ်ကူလာလို့နောက်ဆုတ်ခဲ့တာ။ ကျည်ကုန်သွားတာလဲပါတယ်။ စစ်ကြောင်းကရှိသေးတယ်။ စစ်ခွေးတွေရောက်နေတယ်လို့သိရတယ်။ ကျည်မရှိလို့မတိုက်ရ တာဗျ။ကျွန်တော်တို့ဗိုလ်နားပေါက်စခန်းကိုတွေ့အောင်ရှာမယ်လို့လဲသိရပါတယ်။” လို့ လူငယ့်တော်လှန်ရေးတပ်ဦး(YRF)ရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းကိုပြောပါတယ်။ထိတွေ့မှုဖြစ်ခဲ့ချိန်မှာ ရဲ(၅)ဦးနဲ့ ပျူစောထီးအဖွဲ့ဝင်(၁၂) ဦးသေဆုံးခဲ့ပြီး ရဲ(၄) ဦးကတော့ လက်နက်ချ ထွက်ပြေးသွားခဲ့ပေမယ့် လေယာဉ်ပစ်ကူနဲ့ ကျည်မလုံလောက်တဲ့အတွက်ကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပေးခဲ့ရတယ်လို့ သူက ပြောပါသေးတယ်။ တိုက်ပွဲကြောင့် ကျားပစ်ကန်၊ တောင်မြင့်၊ခွေးအတွင်း၊ ပန်းတော်ကန်နဲ့ ဝန်လဲရွာမ က အိမ်ထောင်စု (၁၂၀၀) ဝန်းကျင်ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ ပေါက်တောင်ပိုင်း ပျောက်ကြားတပ်ဖွဲ့ – SPGF၊PDF Pauk တပ်ရင်း- ၄၊PDF Pauk တပ်ရင်း – ၆၊Pauk Revolution Front – PRF၊Knight Commander PDF၊ King Fighter – SGFနဲ့ Young Revolution Front – YRFတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၆) ရက်နေ့ကလည်း ဇေယျာသော်စစ်ဆင်ရေးအဖြစ် ပျူစောထီးရွာဖြစ်တဲ့ တပ်ကုန်းရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးနဲ့ စစ်ကောင်စီ ဘက်က (၇) ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.