ဆိုးလ် – ဇူလိုင်(၃၀)
အာဏာသိမ်းစစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ(၄) ဦးကို သေဒဏ်စီခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ ကိုရီးယားရောက် မြန်မာတွေစုပေါင်းပြီး ဒီနေ့ဇူလိုင်လ(၃၀) ရက်နေ့မှာ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဒီမိုကရေးစီအရေးထောက်ခံတဲ့ ကိုရီးယားအဖွဲ့အစည်းတွေနဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေစုပေါင်းပြီး ဆိုးလ်ဂွမ်ဟာမွန်းကနေ စစ်သံရုံးရှေ့အထိချီတက် ခဲ့ကြတာပါ။ အင်အား(၁) ထောင်ကျော်နဲ့ ဆန္ဒပြသူတွေဟာ အနက်ရောင်ဝတ်စုံတွေနဲ့ နှင်းဆီပန်းတွေကို ယူဆောင်လာကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ဖြစ်သူ ဦးရန်နိုင်ထွန်လည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ