ပေကျင်း – ဇူလိုင်(၃၀)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဖုန်းခေါ်ဆိုမှုတစ်ခုမှာ ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ မီးနဲ့ မကစားဖို့ သတိပေးလိုက်ပြီး သူတို့ရဲ့ ပထမဆုံး လူချင်းတွေ့မယ့် ထိပ်သီးအစည်းအဝေးကို စီစဉ်ဖို့ ဇူလိုင်လ(၂၈) ရက်နေ့က သဘောတူခဲ့ကြပါ တယ်။
သမ္မတဘိုင်ဒင် ရာထူးရလာပြီးနောက်ပိုင်း သူတို့ရဲ့ ပဥ္စမအကြိမ်းမြောက်ဖုန်းခေါ်ဆိုမှု ဖြစ်ပြီး လူချင်းတွေ့ဆုံမယ့် ထိပ်သီးအစည်းအစည်းအဝေးကတော့ ပထမဆုံးဖြစ်လာမှာပါ။
တွေ့ဆုံဖို့အတွက် အချိန်နဲ့ တည်နေရာကို အသေးစိတ်ထုတ်ပြန်ထားတာ မရှိသေးပေမယ့် သက် ဆိုင်ရာ အဖွဲ့တွေအနေနဲ့ နှစ်ဦးနှစ်ဖက်သဘောတူတဲ့ အချိန်ကို ညှိနှိုင်းကြဖို့ သဘောတူခဲ့ တယ် လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောဆိုထားပါတယ်။
သမ္မတရှီ က အမေရိကန်နဲ့ နီးစပ်မှုရှိတဲ့ ဒီမိုကရေစီကျွန်းစုဖြစ်တဲ့ ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး သဘောထားတင်းမာတဲ့ စကားလုံးတွေကို ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံ ပိုင် ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။
“မီးနဲ့ကစားတဲ့သူတွေဟာ နောက်ဆုံးမှာ မီးလောင်သွားမှာပါ၊ အမေရိကန်ဘက်က ဒါကို အပြည့်အဝ နားလည်မယ်လို့ မျှော်လင့်ပါတယ်” လို့ သမ္မတရှီ က ပြီးခဲ့တဲ့ နိုဝင်ဘာလက သူတို့ ပြောဆိုခဲ့တဲ့ စကားအတိုင်းသူအသုံးပြုခဲ့တဲ့ ရည်ညွှန်းစကားကို ထပ်တလဲလဲပြောခဲ့တာပါ။
အမေရိကန်သမ္မတ ဘိုင်ဒင် မဟာမိတ်နဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ တို့ရဲ့ အတည်မပြုနိုင်တဲ့ အစီအစဉ်တွေကို တရုတ်အာဏာပိုင်တွေက ဒေါသတကြီး တုံ့ပြန်ခဲ့ပါ သေးတယ်။
ထိုင်ဝမ်ကျွန်းကို အမေရိကန်အရာရှိတွေမကြာခဏ လာရောက်လည်ပတ်နေပေမယ့် ပီလိုစီရဲ့ ခရီးစဉ်ကိုတော့ ကြီးမားတဲ့ ရန်စမှုတစ်ခုအဖြစ် တရုတ်အစိုးရက ယူဆနေတာဖြစ်ပါတယ်။
“တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ဖို့ တရုတ်လူမျိုး (၁.၄) ဘီလီယံကျော်ရဲ့ ခိုင်မာတဲ့ဆန္ဒ ဖြစ်ပါတယ်” လို့ သမ္မတရှီက ပြောခဲ့ပါ တယ်။
ဒါ့အပြင် ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရနဲ့ ပြည်သူတွေရဲ့ ရပ်တည်ချက်တွေဟာ တသမတ်တည်းဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။
အမေရိကန်က တရုတ်ရဲ့ အချုပ်အခြာအာဏာကို အသိိအမှတ်ပြုပေမယ့် ထိုင်ဝမ်ရဲ့ လက်ရှိ အနေအထားကို အဓိကအနေနဲ့ မျက်နှာသာပေးပြီး ပြောင်းလဲဖို့မရှိဘူးလို့ သမ္မတ ဘိုင်ဒင် ကပြောခဲ့ပါတယ်။
ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေမယ့် တရုတ်ရဲ့ တစ်ဖက်သတ်ကြိုးပမ်းမှုတွေကို အမေရိကန်က ပြင်းပြင်းထန်ထန်ဆန့်ကျင်ရှုတ်ချတယ်လို့ အိမ်ဖြူတော်ပ ထုတ်ပြန်ထားပါတယ်။
Ref: CNA