စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” အကြမ်းဖက်ခေါင်းဆောင် ဂျင်မီရဲ့ မိဘတွေနေအိမ်ကို တရားမျှတမှုလိုလားသူ ပြည်သူများမှ ဆန္ဒပြ”ဆိုတဲ့ အကြောင်းအရာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီအကြောင်းအရာကို ဇူလိုင်၂၈ရက်၊ဇူလိုင်လ ၂၉ရက်မှာ စစ်တပ်ထောက်ခံသူ အမြောက်အများက လူမှုကွန်ယက်ပေါ်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။စစ်တပ်ထောက်ခံသူတွေရဲ့ ဖြန့်ဝေမှုမှာတော့“အကြမ်းဖက် ခေါင်းဆောင် ဂျင်မီရဲ့ မိဘတွေနေအိမ်ကို တရားမျှတမှုလိုလားသူ ပြည်သူများမှ ဆန္ဒပြ ” တယ်ဆိုပြီး ရေးသားဖြန့်ဝေနေကြတာပါ။ဖြန့်ဝေထားတဲ့ ပိုစ့်မှာတော့ “ ရန်ကုန် ကျောက်တံတားမြိုနယ်ဗိုလ်အောင်ကျော်လမ်း ဇေယျာသော်၏ အိမ်ရှေ့တွင် ပြည်သူလူထုမှ အကြမ်းဖက်မှုများ မလိုလားကြောင်း ဆန္ဒ ထုတ်ဖော် လျှက်ရှိသည် “ဆိုပြီး ရေးသားခဲ့ကြပါတယ်။ဖြန့်ဝေခဲ့တဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။https://t.me/sgtphoesi/10639?singlehttps://fb.watch/ezlAIRir1T/https://t.me/kyawswarks969/10329

အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်နေတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ဖြစ်စဥ်အမှန်မှာ အဆိုပါလူအုပ်မှာ စစ်တပ်ထောက်ခံသူများ ဖြန့်ဝေနေသလို သာမာန် အရပ်သား ပြည်သူများမဟုတ်ဘဲ စစ်ကောင်စီ ကျောထောက်နောက်ခံပြု လူရမ်းကားများဖြစ်ကြောင်း ကျင့်ဝတ်နဲ့အညီရေးသားတဲ့ လွတ်လတ်သောသတင်းဌာနများက ဖော်ထုတ်ရေးသားကြတာကို စီစစ်တွေ့ရှိရပါတယ်။ဆူပူအော်ဟစ်နေတဲ့ အဆိုပါ လူစုလူဝေးအနီးနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနေရာယူထားသည့် ကင်းတစ်ခုရှိနေပါတယ်။ထိုစစ်ကောင်စီအဖွဲ့များက လူရမ်းကားအုပ်စုကို တစ်စုံတစ်ရာတားဆီးခြင်း မရှိဘဲ လူစုလူဝေးဖြင့် စနစ်တကျ ရမ်းကားနိုင်သည်ကို ထောက်ရှုရင် စွမ်းအားရှင်အုပ်စုတစ်ခုကို အသုံးပြုပြီး စစ်ကောင်စီက ရိုးအီနေသည့် ဇာတ်အိမ်တစ်ခုကို ဖန်တီးသည်မှာ ထင်ရှားတယ်လို့ Myanmar Now သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့ပါတယ်။ဒိုင်နာကားများဖြင့် ရောက်လာတဲ့ အဆိုပါ လူအုပ်က လေးဂွဖြင့်လည်းကောင်း၊ ကြက်ဥများဖြင့်လည်းကောင်း ပစ်ခတ်ဆဲဆိုပြီးနောက် လူစုခွဲသွားကြတာကို ကြည့်ခြင်းဖြင့် စစ်ကောင်စီက ရိုးအီနေသည့် ဇာတ်အိမ်တစ်ခုကို ဖန်တီးသည်မှာ ထင်ရှားတယ်လို့Myanmar Nowကက ဆိုပါတယ်။ဒါ့အပြင် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ရဲ့ မိသားစုနေအိမ်ရှေ့ ဆူပူရမ်းကားရာမှာ ပါဝင်သည့်မင်္ဂလာဒုံမြို့နယ်၊ ကြံခိုင်ရေးပါတီစည်းရုံးရေးမှူး သန်းဝင်းဆိုသူက ၄င်းရဲ့ ဓါတ်ပုံမှတ်တမ်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယင်းနေ့မှာပင် နေအိမ်မှတိမ်းရှောင်သွားကြောင်း မင်္ဂလာဒုံ ဒေသခံတွေရဲ့ Lu Nge Thitသတင်းဌာနက ဖော်ထုတ်ရေးသားခဲ့ပါတယ်။အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

Myanmar Now. https://www.facebook.com/…/pfbid0nq42aYTcCrr8AyMJLKvuba… 4QdD2rewpCxaLmtBghXqyrrX7l/Lu Nge Thit https://www.facebook.com/100075849985661/posts/171953268676338/https://fb.watch/ey1cd9M6Tu/

ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ “အကြမ်းဖက်ခေါင်းဆောင် ဂျင်မီရဲ့ မိဘတွေနေအိမ်ကို တရားမျှတမှုလိုလားသူ ပြည်သူများမှ ဆန္ဒပြ ”တယ်ဆိုတဲ့ အကြောင်းအရာဟာ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ထားတဲ့ စစ်ကောင်စီ ထောက်ခံသူတွေရဲ့ ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.