ရေဖြူ ၊ ဇူလိုင်(၂၉)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်-ကလိန်အောင်လမ်းပေါ်က နှမ်းကြဲကျေးရွာ အနီးမှာ ဇူလိုင်လ(၂၉) ရက်နေ့ မနက် (၇) နာရီလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက် ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ကလိန်အောင်ကနေ ထားဝယ်ဘက်ကို မောင်းနှင်းလာတဲ့ ကား (၅) စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ကား တစ်စီး ထိမှန်ခဲ့ပြီး ဗိုလ်ကြီး တစ်ဦးနဲ့ တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက အော်ဟစ်ဆဲဆိုပြီးလမ်းဘေးဝဲယာက ဥယျာဉ်ခြံတွေထဲကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်သွားပါတယ်။ဒေသခံတွေကတော့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အနီးနားကျေးရွာတွေထံ လာရောက် ရန်ရှာမှာကို စိုးရိမ်နေကြတာပါ။တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.