မော်လမြိုင် – ဇူလိုင်(၂၉)

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အာဏာရှင်ရှိရင် ငြိမ်းချမ်းသာယာတဲ့ နိုင်င့ဖြစ်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဇူလိုင်လ(၂၈) ရက်နေ့ ညနေပိုင်းကအမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ အခုလို ပြောဆိုခဲ့တာပါ။ “မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရှိနေသ၍ လူ့တန်ဖိုး လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ချိုးဖောက်နေမှာဖြစ်ကာ ဒီမိုကရေစီစံနှုန်းနဲ့ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော်တစ်ခု တည်ထောင်နိုင်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားစွာ ပြသနေပါတယ်” လို့ NUG သမ္မတရဲ့ မိန်းခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ကမ္ဘာငြိမ်းချမ်းရေးအတွက် နိုင်င့တကာရဲ့ အလေးပေးတန်ဖိုး ထားမှုကို ဂရုမစိုက်ဘဲ လုပ်နေတာဖြစ်တယ်လို့ ပြောပါသေးတယ်။ အာဏာသိမ်းစစ်ကောင်စီက အာဇာနည်လေးဦးကို သတ်ဖြတ်ခဲ့တဲ့အတွက် တော်လှန်ရေးကို အရှိန်အဟုတ်မြင့်လိုက်တာဖြစ်သလို ပြည်သူတွေအနေနဲ့ နွေဦးတော်လှန်ရေးကို အရှိန်အဟုတ်မြှင့် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့လည်း အာဏာရှင်ရဲ့ထွက်ပေါက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို လုံးဝ မပါဝင်ကြဖို့၊ပြည်သူ့တော်လှန်ရေးကြန့်ကြာစေမယ့် လုပ်ဆောင်မှုတွေကို ဆန့်ကျင်ကြဖို့လည်း ပြောဆိုခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီထောက်ပံ့မှုတွေအဖြစ် နည်းပညာ၊ လက်နက်တွေကို ထောက်ပံ့ကူညီကြဖို့ လည်း ယာယီသမ္မတက တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.