ဘောလခဲ – ဇူလိုင်(၂၉)
စစ်ကောင်စီရေတပ်သင်္ဘောကျင်းဌာနချုပ် သန်လျင် က ရေတပ်ဗိုလ်ကြီးတစ်ဦးဟာ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီကို ဆက်သွယ်ပြီး အလင်းဝင်ရောက်(CDM) လာတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ(၂၉) ရက်နေ့က သတင်းထုတ်ပြန်ထားတာဖြစ်ပြီး သူဟာ စစ်ကောင်စီ ရေတပ်သင်္ဘော ကျင်းဌာနချုပ် ကနေထွက်ခွာလာတာဖြစ်ပြီး ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) အဖွဲ့ဆီ ကို Job For Kayah ကတဆင့် ဆက်သွယ်လာရောက်တာဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူနဲ့အတူပူးပေါင်းလာတဲ့ ရေတပ်ဗိုလ်ကြီးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ လုံခြုံရေး အရ ထုတ်ဖော်ဖို့ ပြောဆိုတာတော့ မရှိခဲ့ပါဘူး။ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) က CDM ဗိုလ်ကြီးကို လုံခြုံစိတ်ချရတဲ့ လွတ်မြောက် နယ်မြေတစ်ခုကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်