ထီးလင်း – ဇူလိုင်(၂၉)

မကွေးတိုင်း ထီးလင်းမြို့နယ်နဲ့ ချင်းပြည်နယ်အစပ်က နှာဘုန်းရွာကို အာဏာသိမ်းစစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ(၅) ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ည(၁၂) နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်နှစ်စီးဟာ နှာဘုန်းရွာ ကို ဖျက်အားပြင်းဗုံး(၃) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ “ကျွန်တော်တို့က ရမ်စည်းရွာထင်ထားတာ။ နှာဘုန်းရွာကရမ်စည်းရဲ့အနောက်ဘက်။ ညတုန်း ကပစ်ခတ်မှုက ခုအဆက်သွယ်ရလို့အတည်ပြုလို့ရပြီ။ ခုသိထားတာက ငါးယောက်ပဲရှိသေး တယ်။ ဒါထက်ပိုပြီးသေဆုံးနိုင်တယ်။ ထိခိုက်မှုတွေလည်းများတယ်လို့။” ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဘကောင်းက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တစ်စီး ပျံသန်းခဲ့ပြီးနောက်ပိုင်း ညသန်းခေါင်မှာ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ လက်ရှိအချိန်မှာတော့ မြေပြင်အခက်အခဲကြောင့် နှာဘုန်းရွာကို ဆက်သွယ်ဖို့ ခက်ခဲနေ လို့ အသေးစိတ် အခြေအနေကို မသိရသေးပါဘူး။ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံခဲ့ရတဲ့ နှာဘုန်းရွာမှာ တိုက်ပွဲ ဖြစ်ပွားမှုမရှိပဲ ရမ်းစည် ရွာတစ် ဝိုက်မှာ စစ်ကောင်စီအင်အား(၁၀၀) ဝန်းကျင်က စစ်ကြောင်းထိုးနေတာ (၅) ရက်လောက် ရှိနေ ပြီဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မကွေးတိုင်းထဲက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေရှိနေသလို ပြည်သူပိုင်နေအိမ်(၄) ထောင်ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စစ်ဘးရှောင်ဦးရေ (၅) သောင်ကျော် အထိရှိနေပါတယ်။ မကွေးတိုင်းအတွင်းက လောင်းရှည်၊ပေါက်၊ပခုက္ကူ၊မြိုင်၊ထီးလင်း၊ဂန့်ဂေါစတဲ့ ဒေသတွေကို စစ်ကောင်စီဘက်က အင်အားအလွန်အကျွံသုံးပြီးစစ်ကြောင်းထိုးနေတဲ့အတွက် ဒေသကာကွယ် ရေးတပ်တွေနဲ့ နေ့စဉ်ထိတွေတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.