July 29, 2022

အာဏာလုအကြမ်းဖက် အာဏာရှင်ကျရှုံးရေး ညသပိတ်

မန္တလေး – ဇူလိုင်(၂၉) ဒီနေ့ ဇူလိုင်လ(၂၉) ရက်နေ့ ညပိုင်က ပြည်ကြီးတံခွန်သပိတ်အင်အားစုကဦးဆောင်ပြီး “ပြည်ကြီးတံခွန်သပိတ်အင်အားစုရဲ့အာဏာလုအကြမ်းဖက်စစ်အာဏာရှင်ကျရှုံးရေးညသပိတ်” ပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ

ဆံချည်တစ်မျှင်တောင်နောက်မဆုတ်ဘူး

ယင်းမာပင် – ဇူလိုင်(၂၉) ဒီနေ့ ဇူလိုင်လ(၂၉) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ကဦးဆောင်ပြီး စစ်အာဏာရှင်ကျရှုံးရေးအတွက် “ဆံချည်တစ်မျှင်တောင်နောက်မဆုတ်ဘူး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

အမှန်/အမှားမင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” အကြမ်းဖက်ခေါင်းဆောင် ဂျင်မီရဲ့ မိဘတွေနေအိမ်ကို တရားမျှတမှုလိုလားသူ ပြည်သူများမှ ဆန္ဒပြ”ဆိုတဲ့ အကြောင်းအရာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီအကြောင်းအရာကို ဇူလိုင်၂၈ရက်၊ဇူလိုင်လ ၂၉ရက်မှာ စစ်တပ်ထောက်ခံသူ အမြောက်အများက…

ဘောလခဲ (BPDF) တပ်ဖွဲ့ကို ရေတပ်ဗိုလ်ကြီးတစ်ဦး အလင်းဝင်

ဘောလခဲ – ဇူလိုင်(၂၉) စစ်ကောင်စီရေတပ်သင်္ဘောကျင်းဌာနချုပ် သန်လျင် က ရေတပ်ဗိုလ်ကြီးတစ်ဦးဟာ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီကို ဆက်သွယ်ပြီး အလင်းဝင်ရောက်(CDM) လာတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ(၂၉) ရက်နေ့က သတင်းထုတ်ပြန်ထားတာဖြစ်ပြီး သူဟာ စစ်ကောင်စီ ရေတပ်သင်္ဘော ကျင်းဌာနချုပ် ကနေထွက်ခွာလာတာဖြစ်ပြီး ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) အဖွဲ့ဆီ ကို Job For…

ရေဖြူမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ရေဖြူ ၊ ဇူလိုင်(၂၉) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်-ကလိန်အောင်လမ်းပေါ်က နှမ်းကြဲကျေးရွာ အနီးမှာ ဇူလိုင်လ(၂၉) ရက်နေ့ မနက် (၇) နာရီလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက် ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ကလိန်အောင်ကနေ ထားဝယ်ဘက်ကို မောင်းနှင်းလာတဲ့ ကား (၅) စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်…

ထီးလင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူငါးဦးထက်မနည်း သေဆုံး

ထီးလင်း – ဇူလိုင်(၂၉) မကွေးတိုင်း ထီးလင်းမြို့နယ်နဲ့ ချင်းပြည်နယ်အစပ်က နှာဘုန်းရွာကို အာဏာသိမ်းစစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ(၅) ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ည(၁၂) နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်နှစ်စီးဟာ နှာဘုန်းရွာ ကို ဖျက်အားပြင်းဗုံး(၃) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ “ကျွန်တော်တို့က ရမ်စည်းရွာထင်ထားတာ။ နှာဘုန်းရွာကရမ်စည်းရဲ့အနောက်ဘက်။ ညတုန်း…

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖက်ဒရယ်လစ်ဇင်နဲ့ နိုင်ငံရေးသင်တန်းပေ:

မုံရွာ – ဇူလိုင်(၂၉) မန္တလေးနဲ့ မုံရွာ သပိတ်ခေါင်းဆောင်တွေက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း/တပ်ဖွဲ့တွေကို ဖက်ဒရယ်လစ်ဇင်နဲ့ နိုင်ငံရေးသင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ မုံရွာမြို့နဲ့ ချောင်းဦးမြို့နယ်က တပ်ရင်းတွေ၊ပကဖတွေနဲ့ ချိတ်ဆက်ပြီး သင်တန်းတွေလုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ပွဲအတွင်းလိုက်နာရမယ့် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Code of Conduct တွေနဲ့ ဂျနီဗာကွန်ဗန်းရှင်းဆိုင်ရာ သဘောတူညီချက်၊…

ပခုက္ကူနဲ့ ဂန်ဂေါခရိုင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေလို့ ပြည်သူတွေထွက်ပြေးနေရ

ပခုက္ကူ – ဇူလိုင်(၂၉) မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်တာ တွေပြုလုပ်နေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကာကွယ်ရေးတပ်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပေါက်မြို့နယ် ကျားပစ်ကန်ရွာနဲ့ တောင်မြင့်ရွာတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈) ရက်နေ့က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ဆောင်ခဲ့တာပါ။ “ကျားပစ်ကန်ရွာမှာ မီးရှို့ခံရတာတော်တော်များတယ်။ တောင်မြင့်ရွာကိုလည်းမီးရှို့ခံရတယ်။ ဒီနေ့(ဇူလိုင်လ ၂၉ရက်)လည်း တေင်မြင့်ရွာကိုထပ်ပြီးမီးရှို့နေပြန်ပြီ။”…