ဇူလိုင် (၂၈)မွန်ပြည်နယ်၊

ရေးမြို့ရှိ ရေးမြို့မရဲစခန်းဟာ ဇူလိုင် ၂၈ ရက်နေ့ ညနေ ၃ နာရီလောက်က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။အဲဒီမြို့မရဲစခန်းကို ရေးဘီလူးအဖွဲ့က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။မြို့မရဲစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၃ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ တာဝန်ခံ ပြောပါတယ်။ ဒါ့အပြင် စစ်ဆင်ရေးတွေကိုလည်း ထပ်မံ တိုးမြှင့်သွားမှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းပါတယ်။ဒေသခံ တစ်ဦးကတော့ ရေးမြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လု့ိ ဆိုပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း ရေးမြို့နယ် တံတားကြီးထိပ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်းက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.