ရန်ကုန် – ဇူလိုင်(၂၈)

မတရားဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့တာနဲ့ ပတ်သက် ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇူလိုင်လ(၂၇) ရက်နေ့က ပြစ်တင်ရှုတ်ခခဲ့ပါတယ်။ စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လဲတောင်းဆိုခဲ့တာပါ။ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်(၁၅) ဦးလုံးကအတည်ပြုထားတဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံ ရဲ့ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီအမျိုးသားပြန်လည်သင့်မြတ်ရေးကိုတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ဖို့၊လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ ပြည်သူတွ အကူအညီအပြည့်အဝရရှိစေဖို့ အတွက်လည်း ပါဝင်ပါတယ်။ အာဏာသိမ်းစစ်တပ်က အရပ်သားတော်လှန်ရေးလှုပ်ရှားသူတွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။ တက်ကြွလှုပ်ရှားသူတွေကို မတရားသတ်ဖြတ်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြည်သူအတွက် တရားမျှတမှုအဖြစ် ကာကွယ်ပြောဆိုထားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ကို သူတို့နဲ့ ထိတွေ့ဆက်ဆံနေတဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာ ရဲ့ ရှုတ်ချမှုတွေပြုလုပ်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ကိုးကား – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.