ရန်ကုန် – ဇူလိုင်(၂၈)

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာဖြစ်ခဲ့တဲ့ လူငယ်တွေတိုက်ပေါ်ကခုန်ချပြီး အဆုံးစီရင်ခဲ့ တဲ့ကိစ္စမှာ အဓိကတာဝန်ရှိတဲ့ စစ်ကောင်စီသတင်းပေး ဗိုလ်တထောင်မြို့နယ်(၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းဝင်း ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ Inya Urban Force IUF ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ(၂၈) ရက်နေ့ မနက်(၁၁) နာရီဝန်းကျင်မှာ ကုန်သည်လမ်းနဲ့ (၄၂) လမ်းထိပ် ဘိုကလေးစျေးရှေ့က လဖက်ရည်ဆိုင်မှာ ပစ်ခတ်ခံခဲ့ရတာပါ။ “လွန်ခဲ့တဲ့ ၁ နှစ်ခန့်က စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် ၄၄ လမ်းမှာ ခုန်ချပြီး သေဆုံးခဲ့ ရတဲ့ သူတွေအတွက် လက်တုန့်ပြန်နိုင်ခဲ့ပြီ။ နောက်ထပ် mission တွေလဲ ဆက်လက်ဖော်ဆောင်သွားဦ းမှာပါ။ ပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်များအပေါ် စစ်ကောင်စီနဲ့ လက်ပါးစေများမှ ပြု လုပ်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို ကျုပ်တို့ဘယ်တော့မှမမေ့ပါ” လို့ Inya Urban Force IUF ကထုတ်ပြန်ထားပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူး သန်းဝင်းဆိုသူဟာ ရင်ဘတ်၊လက်မောင်းနဲ့ ပေါင်းတို့ ကိုထိမှန်ခဲ့တာဖြစ်ပြီး သူ့ကိုရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က အုပ်ချုပ်ရေးမှူးဆိုသူရဲ့ သတင်းပေးမှုကြောင့် လူငယ်(၅) ဦးဟာ တိုက်ပေါ်က ခုန်ချခဲ့ ကြပြီး မဝေဝေမြင့်ဟာ နေရာမှာပဲသေဆုံးခဲ့သလို တခြားလူငယ်တွေလဲ သေဆုံးတာတွေရှိခဲ့သလို ဖမ်းဆီးခံရတာတွေလဲ ရှိခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ သေဆုံးသွားသူရဲ့ လူ့ဂုဏ်သိက္ခာကိုကျဆင်းအောင်ရည်ရွယ်တဲ့ ဓာတ်ပုံနဲ့ သတင်းမှားတွေကိုလည်း စစ်ကောင်စီလက်အောက်ခံတွေဘက်ကထုတ်လွှင့်ခဲ့ကြပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.