စလင်း – ဇူလိုင်(၂၈)

စစ်ကောင်စီလက်အောက်ခံ ကျောင်းမှာ စာသင်နေတဲ့ ဆရာ/ဆရာမ ရဲ့ ကျောင်းကို သွားရောက် သတိပေးပြီး နမူနာအဖြစ်ဆိုင်ကယ်(၅)စီးသိမ်းယူခဲ့တယ်လို့ စလင်း တောင်ပိုင်းတော်လှန် ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။ မကွေးတိုင်း စလင်းမြို့နယ် ပုသိမ်မုံရွာကားလမ်းအနောက်ခြမ်းက ကင်းပွန်းခြံနဲ့ ကျွဲဦးကျေးရွာ တွေက စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကို သွားရောက် သတိ ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်မှာ စာသင်ကြားနေတဲ့ ဆရာ/ဆရာမတွေကို စာသင်ကျောင်းပိတ်သိမ်း ပြီး စစ်ကျွန်ပညာရေးစနစ် လည်ပတ်မှုမရှိစေဖို့နဲ့ စာသင်ကျောင်းတွေကို ပိုမိုဆိုးရွားတဲ့ ပြစ်ဒဏ် တွေမလုပ်လိုတဲ့အတွက် ကိုယ်ပိုင်အသိစိတ်နဲ့ ပိတ်သိမ်းဖို့ သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးကြေညာချက်ကို မလိုက်နာရင်ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ Salin-PDF တောင်ပိုင်းတော်လှန်ရေးအင်အားစုက သတင်းထုတ် ပြန်ထားပါတယ်။ သတိပေးချက်အပေါ်စံနမူနာယူဖို့အတွက် ဆရာ/ဆရာမတွေရဲ့ မှတ်တမ်း ရုပ်သံဖိုင်တွေ ရယူခဲ့ပြီး Non CDM ဆရာ/ဆရာမ တွေပိုင်ဆိုင်တဲ့ ဆိုင်ကယ်(၅) စီးကိုလည်း ပြည်သူပိုင် အဖြစ် သိမ်းယူခဲ့တာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.