FILE PHOTO: A worker in PPE stands in Baishazhou market during a visit of World Health Organization (WHO) team tasked with investigating the origins of the coronavirus (COVID-19) pandemic, in Wuhan, Hubei province, China, Jan. 31, 2021. REUTERS/Thomas Peter/File Photo

ဘေဂျင်း- ဇူလိုင် (၂၈)

 တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က လူတစ်သန်းနီးပါးရှိသော ခရိုင်တစ်ခုမှာ ကူးစက်မှုဖြစ်စဥ် အသစ်များ ထပ်မံ ပေါ်ထွက်လာခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အများသူငှာ သယ်ယူပို့ဆောင်ရေးအချို့ကို ခေတ္တပိတ်ထားခဲ့ရပါတယ်။

လူဦးရေ 900,000 ကျော်ရှိသော ဝူဟန်ရဲ့  ကျင့်ရှီရာ ခရိုင်အတွင်းရှိ မြို့ပြဧရိယာများကို ဗုဒ္ဓဟူးနေ့မှစပြီး သုံးရက်ကြာ ကန့်သတ်သွားမှာ ဖြစ်ပါတယ်။ 

အဆိုပါကာလအတွင်း လူအများအပြားပါဝင်သော ပွဲတော်ကျင်းပခြင်း၊၊ ဆိုင်ထိုင်စားသောက်ခြင်း၊၊ အများသူငှာ ဖျော်ဖြေရေးနေရာများကို ပိတ်ပင်ထားခြင်းနှင့်၊ စိုက်ပျိုးရေးထွက်ကုန်ဈေးများနှင့် အသေးစား လုပ်ငန်းဆောင်ရွက်မှုများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။ 

ဆေးခန်းများအပြင် အများပြည်သူသုံး ဘတ်စ်ကားနှင့် မြေအောက်ရထား ဝန်ဆောင်မှုတွေကိုလည်း ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။

သုံးရက်တာကာလအတွင်း နေထိုင်ရာနေရာများမှ ထွက်ခွာခြင်းမပြုရန် ဒေသခံများကိုလည်း တိုက်တွန်းထားပြီး ခရီးသွားများ ဝင်ရောက်ခြင်းကိုလည်း ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။

ကျင့်ရှီရာ ခရိုင် အာဏာပိုင်တွေက အင်္ဂါနေ့နှောင်းပိုင်းမှာ ပုံမှန် စမ်းသပ်မှုအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ထပ်မံစစ်ဆေးမှုကတစ်ဆင့် နောက်ထပ် ၂ ဦးကို တွေ့ရှိပြီးနောက် သုံးရက်ကြာပိတ်ပင်မယ့် အမိန့်ကို လျင်မြန်စွာ ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအမျိုးသား ကျန်းမာရေးကော်မရှင်ရဲ့ အချက်အလက်အရ ဇူလိုင် ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံအတွင်းရှိ ကိုဗစ်ကူးစက်မှုဖြစ်ရပ်အသစ်မှာ ၇၀၃ ဦးထိရှိပြီး ရောဂါကူးစက်မှုကြောင့် သေဆုံးမှုဖြစ်စဥ်မှာ ၅၂၂၆ ဦးထိရှိလာခဲ့ပြီး ဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.