မြိုင် – ဇူလိုင်(၂၇)

မကွေးတိုင်း မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကြားကာလပညာရေးကျောင်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၂၆) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က မြိုင်မြို့နယ်မှာ ကျောင်းပေါင်း (၁၅၀) ဖွင့်လှစ်ထားပြီး ကျောင်းသူ/ကျောင်းသား(၃) သောင်းဝန်ကျင်ကို ပညာသင်ကြားပေးနေတာပါ။ ကြားကာလပညာရေးကျောင်းဆင်းပွဲမှာ ကျောင်းသူ/ကျောင်းသား (၁၅၉) ဦးပါဝင်ပြီး သူတို့ကို ဆရာ/ဆရာမ (၁၉) ဦးက (၆) လတာ ပညာသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ကရင်နီပြည်နယ်တွေမှာ အမျိုးသားညီညွတ် ရေးအစိုးရ ရဲ့လမ်းညွှန်မှုနဲ့ ကြားကာလပညာရေးဖော်ဆောင်မှုတွေလုပ်ဆောင်နေတာဖြစ်ပါ တယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.