ဒွန်ညက် ၊ ဇူလိုင် (၂၇)

ယူကရိန်းတပ်ဖွဲ့ဝင်များက ရုရှားထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်းပိုင်နက်ရှိ ဒွန်ညက်မြို့ကို ပစ်ခတ်ပြီးနောက် ရေနံသိုလှောင်ရုံတွင် ညတွင်းချင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့အုပ်ချုပ်ရေး အကြီးအကဲက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ဒွန်ညက်ခရိုင်ရှိ ဆီသိုလှောင်ရုံတစ်ခုတွင် မီးငြှိမ်းသတ်ရန် မီးသတ်သမားများသည် တိုင်ကီကားများအနီးတွင် စုရုံးရောက်ရှိနေကြပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ဝန်ကြီးဌာနမှ အရေးပေါ် ထုတ်ပြန်ခဲ့ပါတယ်။ 

“ဒွန်ညက်ခရိုင်မှာ ညတွင်းချင်း ပစ်ခတ်မှုကြောင့် လောင်စာသိုလှောင်တဲ့ ဂိုဒေါင်မှာ မီးလောင်ခဲ့ပါတယ်” လို့ ဒွန်ညက်မြို့တော်ဝန်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

မီးလောင်မှုကြောင့် အသေအပျောက်မရှိခဲ့ကြောင်း ဒွန်ညက်အရေးပေါ်ဌာနမှ ပြောကြားခဲ့ပြီး မီးကို ဒေသစံတော်ချိန် မနက်ပိုင်းဝန်းကျင်မှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရိုက်တာသတင်းဌာနက မီးလောင်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ ဆိုရှယ်မီဒီယာတွင် မျှဝေထားသည့် ဗီဒီယိုဖိုင်တွင် သိုလှောင်ရုံရှိ မီးရထားသံလမ်းရှိ ဆီတိုင်ကီများအနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဒွန်ညက်သည် ရုရှား ကျောထောက်နောက်ခံပြုထားသော “Donetsk People’s Republic” ၏ မြို့တော်ဖြစ်ပြီး ရုရှား၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့ကသာ အသိအမှတ်ပြုထားသော ယူကရိန်းနိုင်ငံ ဒွန်ဘက်ဒေသရှိ ခွဲထွက်အဖွဲ့ဖြစ်ပါတယ်။ 

 Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.