Taiwan's President Tsai Ing-wen walks on board a DDG-1801 as part of Taiwan's main annual "Han Kuang" exercises, as 20 naval vessels including frigates and destroyers fired shells to simulate intercepting and attacking an invading force, off Taiwan's northeastern coast, in Yilan, Taiwan, July 26, 2022. REUTERS/Ann Wang

တိုင်ပေ – ဇူလိုင်(၂၇) 

ထိုင်ဝန်သမ္မတ ဆိုင်အင်ဝမ်ဟာ သူမရဲ့ ရာထူးသက်တမ်းခြောက်နှစ်အတွင်း ဒုတိယအကြိမ် အဖြစ် ရေတပ်စစ်သင်္ဘောပေါ်တက်ရောက်ပြီး နှစ်စဉ်ပြုလုပ်တဲ့ အကြီးမားဆုံးရေတပ်နဲ့ လေတပ် ပူးပေါင်း လေ့ကျင့်မှုတွေကို ကြီးကြပ်ကာ ကျွန်နိုင်ငံကို ကာကွယ်ဖို့ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ ပါတယ်။ 

ဒီစစ်ရေးလေ့ကျင်မှုဟာ ကျွန်းကို လေကြောင်းတိုက်ခိုက်မှု လေးကျင့်တဲ့ပုံစံဖြစ်ပြီး တရုတ်နိုင်ငံ ရဲ့ စစ်ရေးဖိအားတွေမြင့်တက်လာချိန်မှာ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုကို မြှင့်တင်ပေးတာ လည်းဖြစ်ပါတယ်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်မှုနဲ့အတူ တရုတ်က ထိုင်ဝမ်ကို သူတို့အပိုင်လို့ အခိုင်အမာ ပြောဆိုတာတွေတိုးမြင့်လာပြီးနောက်ပိုင်း ကာကွယ်ရေးကို ဘယ်လိုမြှင့်တင်ရမယ်ဆိုတဲ့ ငြင်းခုံ မှုတွေ တိုးလာနေပြီး တရုတ်ရဲ့ တိုက်ခိုက်ခံရမှုကို ကြိုတင်ပြင်ဆင်မှုတွေတိုးမြှင့်လုပ်ဆောင်ဖို့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ 

ထိုင်ဝမ်ကို တရုတ်က သူတို့ရဲ့ ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်ဖို့ အင်အားသုံးမယ့်အစီအစဉ်ကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ 

တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိုင်ဝမ်အာဏာပိုင်တွေက ငြင်းဆိုထားပြီး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် ကာကွယ်သွားမှာဖြစ်တယ်လို့ ကတိပြုထားပါတယ်။ 

ထိုင်ဝမ်ရဲ့ ဟန်ကောင်း စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖရီးဂိတ်စစ်သင်္ဘော တွေနဲ့ ဖျက်သင်္ဘောတွေအပါအဝင် စစ်သင်္ဘောအစင်း(၂၀) ဟာ ထိုင်ဝမ်အရှေ့မြောက်ဘက် ကမ်းရိုး တန်းက ကျူးကျော်လာမယ့် လေကြောင်းတိုက်ခိုက်မှုကို ကြားဖြတ်တိုက်ခိုက်ဖို့အတွက် F-16 တိုက်လေယာဉ်တွေနဲ့ ပြည်တွင်းထုတ် Ching-kuo တိုက်လေယာဉ်တွေကို လွှတ်တင် လေ့ကျင့် ခဲ့ပါတယ်။ 

တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ငါးရက်ကြာ စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပြီး အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီရဲ့ ထိုင်ဝမ် ကို လာရောက် လည်ပတ်မယ့် ကိစ္စကိုလည်း အမေရိကန်ကို တရုတ်က သတိပေးထားပြီး ဒီလိုလာ ရောက်တာဟာ ပေကျင်းနဲ့ ဝါရှင်တန်ကြား မကြာခဏ တင်းမာမှုဖြစ်ပေါ်စေတယ်လို့ တရုတ်က ပြောဆိုထားပါတယ်။ 

အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင်သံတမန်ဆက်ဆံရေး မရှိပေမယ့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ကျွန်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံကာကွယ်ဖို့ နည်းလမ်းတွေပေးဆောင်ဖို့ ဥပဒေပြဌာန်းထားပါတယ်။ 

ထိုင်ဝမ်စစ်တပ်အနေနဲ့ အမေရိကန်လုပ် ဟာဒ့်ဝဲအများစုနဲ့ ကောင်းမွန်စွာ လေ့ကျင့်ထားပြီး ဖြစ်ပေမယ့် တရုတ်ရဲ့ ကိန်းဂဏန်းသာလွန်ကောင်းမွန်ပြီး ကိုယ်ပျောက်တိုက်လေယာဉ်တွေလို အဆင့်မြင့်စက်ပစ္စည်းတွေထည့်သွင်းထားတဲ့ တပ်ဖွဲ့ကို ရင်ဆိုင်ဖို့ အခက်အခဲရှိနေတာပါ။ 

“အာဏာရှင်တပ်ဖွဲ့များ” သည် အင်ဒို-ပစိဖိတ်ဒေသတွင် လက်ရှိအနေအထားကို ချိုးဖျက်ရန် ခြိမ်းခြောက်နေပြီး ထိုင်ဝမ်သည် “အာဏာရှင်၏ ရန်လိုမှုကို တိုက်ထုတ်ရန် ပထဝီဝင်နိုင်ငံရေး အရ ရှေ့တန်းတွင် ရပ်တည်နေပါတယ်” လို့ တိုင်ပေမြို့ လုံခြုံရေးဆိုင်ရာ ဖိုရမ်တစ်ခုရဲ့ သမ္မတ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။ 

ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ မြို့တော်တိုင်ပေအနီးက အထင်ကရ ဆိပ်ကမ်းတစ်ခုမှာ ကျူးကျော် တပ်ဖွဲ့ဝင်တွေကို ချမှုန်းတာ၊အရန်တပ်ဖွဲ့ရဲ့ မြို့ပြတိုက်ခိုက်ရေးလေ့ကျင့်မှုနဲ့ တောင်တန်းတွေ ဘက်မှာ တူးထားတဲ့ ကတုတ်ကျင်းတွေဆီကို ဂျက်လေယာဉ်တွေ ထိုင်ဝမ်ကိုဖြတ်ပြီး လွှဲပြောင်း တဲ့ လေ့ကျင့်ခန်းတို့ပါဝင်တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.