ရန်ကုန် – ဇူလိုင်(၂၆)

အာဏာသိမ်းစစ်ကောင်စီက ကိုဂျင်မီ ကိုဖြိုးဇေယျာသော်နဲ့ နိုင်ငံရေးအကျဉ်းသား (၇) ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေမှာ နိုင်ငံရေးအကျဉ်းသား(၄) ဦးကို သတ်ဖြတ်ခဲ့တာကိုသာ သတင်းထုတ်ပြန်ထားခဲ့ပေမယ့် မြေပြင်အခြေအနေမှာတော့အဲ့ထပ်ပိုမို သတ်ဖြတ်ခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။ “စနေနေ့နဲ့ တနင်္ဂနွေနှစ်ရက်ပေါင်းမှာ စစ်ကောင်စီက (၄) ယောက်လို့ ထုတ်ပြန်ခဲ့တယ်။ ကျွန်တော်တို့ ကြားထားတဲ့သတင်းအရတော့ အနည်းဆုံး(၇) ယောက်ရှိပါတယ်။ နောက်ထပ်(၃)ယောက်က ဘယ် ကလဲဆိုတာ ကျွန်တော်တို့စုံစမ်းနေပါတယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးဆောင်ကော် မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။ ဒါ့အပြင် စစ်ခုံရုံးက သေဒဏ်ချမှတ်ခံထားရသူတွေကို ထပ်မံကွပ်မျက်ဖို့ စစ်ကောင်စီအနေနဲ့ ဆက်လက်ကြိုးပမ်းနေတာတွေရှိနေတယ်လို့ သူက ပြောပါသေးတယ်။ စစ်ကောင်စီက ဇူလိုင်လ(၂၅) ရက်နေ့မှာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်နဲ့ ကိုသူရဇော်တို့ကို သတ်ဖြတ်ထားတယ်လို့ ထုတ်ပြန်ထားတာပါ။ “ဒီနေ့ကစပြီး ဝန်ထမ်းတွေကို Stand by ခေါ်ထားတာကို ဖြုတ်လိုက်ပါပြီ တခြားတော့ ဘာမှပြော လို့မရသေးပါဘူး” လို့ အမည်မဖော်လိုတဲ့ အင်စိန်အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သေဒဏ်ချမှတ်ခံထားရသူ (၇၂) ဦးရှိပြီး အဲ့ဒီထဲမှာ အသက်(၁၈) နှစ်မပြည့်သေးတဲ့ ကလေးသူငယ်(၂) ဦးပါဝင်ပါတယ်။ ဒါ့အပြင် စစ်ခုံရုံးက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၁) ဦး ရှိနေပြီး စုစုပေါင်းသေဒဏ် ချမှတ်ခံထားရသူ (၁၁၃) ဦးအထိရှိနေပါတယ်။ “အစွန်းရောက်အကြမ်းဖက်စစ်ကောင်စီဖြစ်တဲ့အတွက်ထောင်ထဲမှာ ကျန်တဲ့ သေဒဏ်ချမှတ်ခံ ထားရသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို အလွန်အမင်းစိုးရိမ်မကင်းဖြစ် နေရတယ်” လို့ ဦးထွန်းကြည်က သံလွင်တိုင်းမ် ကိုပြောပါတယ်။ သံလွင်တိုင်းမ်အနေနဲ့ နိုင်ငံရေးအကျဉ်းသား(၇) ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်ပိုင်ကို ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာတော့ မရှိခဲ့ပါဘူး။ သတင်း – သံလွင်တိုင်းမ်See translation28,282People reached4,700Engagements-1.1x averageDistribution scoreBoost post

80180114 comments164 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.