မော်လမြိုင် – ဇူလိုင်(၂၆)

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုတို့ကို တရားဥပဒေအရ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပြီး တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ပုံမှန်ကျင်းပနေကျ Cabinet အစည်းအဝေးကို ရပ်နားပြီး နိုင်ငံတော် ယာယီသမ္မတ ဦးဆောင်တဲ့ အရေးပေါ်အစည်းအဝေးကို ဒီနေ့ ဇူလိုင်လ (၂၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြတာပါ။ “ကြေညာချက်တွေ၊အစည်းအဝေးတွေရဲ့ နောက်မှာ တိကျခိုင်မာတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အသေအချာကို တွဲပါလာမှာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီး ချုပ်မန်းဝင်ခိုင်သန်းက ပြောခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတစုကို တရားဥပဒေနဲ့ ထိုက်တန်တဲ့ ပစ်ဒဏ်ချမှတ်နိုင်ဖို့ အတွက် မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေး၊ သံတမန်ရေး၊စစ်ရေးနည်းလမ်းတွေနဲ့ တော်လှန်ရေးအရှိန်အဟုတ်ကို မြှင့်တင်သွားနိုင်ဖို့ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။ ဒီနေ့အစည်းအဝေးမှာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ (၄) ဦးကို စစ်ကောင်စီက ပြစ်ဒဏ်စီရင်ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြသလို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ ရဲ့ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိနေတဲ့ လက်ရှိအခြေအနေအတွက် တုံ့ပြန်ဆောင်ရွက်သွား မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း – သံလွင်တိုင်းမ်See translation7,398People reached985Engagements-4.4x lowerDistribution scoreBoost post

5525529 comments11 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.