Bangkok, Thailand - April 2, 2020: A view of a nearly deserted Asok Skytrain station during rush hour April 2. The heart of Bangkok's BTS system, this station often has lines to board trains so long they stretch off the platform and down the stairs.

ဘန်ကောက် ၊ ဇူလိုင် (၂၆)

ဘန်ကောက်မြို့ရှိ တိုးချဲ့ BTS Green Line စီးနင်းသည့် ခရီးသည်များအနေဖြင့် လာမည့်လမှ စတင်ကာ ယာဉ်စီးခ စတင်ပေးဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ဝန်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

မြို့တော်ဝန်ဝန်သည် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး (BMA) ကုမ္ပဏီ Krungthep Thanakom နှင့် Bangkok Mass Transit System (BTSC) တို့အကြား တွေ့ဆုံပွဲသို့ တက်ရောက်ပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘန်ကော်မြို့တော်အုပ်ချုပ်ရေး BMA သည် Green Line တိုးချဲ့မှု လုပ်ဆောင်ရန်အတွက် BTSC ထံ ဘတ်ငွေ ၄၀ ဘီလီယံခန့် အကြွေးတင်ခဲ့‌တာကြောင့် ထိုကိစ္စညှိနှိုင်းရန် နှစ်ဖက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ 

Green Line များသည် စမွတ်ပရာကန်ခရိုင်ဒေသန္တရ ခဲဟမှ (13 ကီလိုမီတာ) နှင့် ပထုဌာနီခရိုင်ဒေသန္တရ၊ ခုခွတ် ခရိုင်ခွဲရှိ ဘန်ကောက်ကားဝင်ဟုလူသိများသော မော်ချစ်အထိ (19km) အကွာအဝေးကို ဆက်သွယ် ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။

BTSC သည် BMA ကို ဘတ်ငွေ ၁၂ ဘီလီယံဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် တရားစွဲဆိုခဲ့ပြီး Green Line တိုးချဲ့လိုင်းသစ်များ လည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုစရိတ်များအတွက် နောက်ထပ် ဘီလီယံ 20 အကြွေးတင်ခဲ့တယ်လို့ ဆိုပါတယ်။

ချတ်ချာရဲ့ ပြောကြာချက်အရ BMA သည် အကြွေးဆပ်ရန် နည်းလမ်းများကို ရှာဖွေခြင်းအပြင် ယခုအချိန်အထိ ခရီးသည်များအတွက် အခမဲ့ဖြစ်နေသေးသည့် တိုးချဲ့ရထားလိုင်းသစ် များအတွက် အခကြေးငွေ ကောက်ခံမှုများကိုလည်း လိုအပ်တယ်လို့ ဆိုပါတယ်။ 

BMA ရဲ့ ယာဉ်ထိန်းနှင့် ပို့ဆောင်ရေးဌာနသည် ယာဉ်စီးခပြဿနာကို လေ့လာနေပြီး လာမည့်လအတွင်း ဆုံးဖြတ်ချက်တစ်ခု အဆင်သင့်ဖြစ်မယ်လို့ ဆိုပါတယ်။

 ဤယာဉ်စီးခအသစ်သည် 2029 ခုနှစ်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

“BMA က နှစ်စဉ် ဘီလီယံနဲ့ချီတဲ့ လုပ်ငန်းတွေအတွက် ပေးဆောင်နေရတာကြောင့် ဒီပြဿနာကို အလျင်စလိုလုပ်ဖို့ လိုပါတယ်၊ ရထားစီးနင်းခခ မကောက်ခံတာကြောင့် အကြွေးတင်နေပါတယ်” လို့ ပြောဆိုခဲ့တာပါ။

ထိုင်းစားသုံးသူများကောင်စီက အဆိုပြုထားသည့် ကန့်သတ်ချက်မှာ တစ်ကြိမ်စီးနင်းပါက တစ်ဦးလျှင် ၄၄ ဘတ် ကျသင့်မည်ဖြစ်ပြီး Green Line တိုးချဲ့လိုင်းရထားလိုင်းသစ်များအတွက် ယာဉ်စီးခမှာ 59 ဘတ်ထက် မပိုစေရဘူးလို့ သတ်မှတ်ထားပါတယ်။

ဘန်ကောက်မြို့တော်ဝန် ချတ်ချာ သည် BMA သည် အခကြေးငွေကို တွက်ချက်သည့်အခါတွင်လည်း ရထားလိုင်းတစ်လျှောက် ရရှိထားသော ကြော်ငြာဝင်ငွေကို ထည့်သွင်းစဉ်းစားမယ်လို့ ဆိုပါတယ်။

Ref:Nationthailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.